သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး သဘောတူညီမှု လက်မှတ်ထိုးပွဲ ဂျပန်ဝန်ကြီးချုပ် တက်ရောက်


မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် သီလဝါဆိပ်ကမ်းကို သွားရောက်လေ့လာစဉ်။ ( မေ ၂၅၊ ၂၀၁၃)
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် သီလဝါဆိပ်ကမ်းကို သွားရောက်လေ့လာစဉ်။ ( မေ ၂၅၊ ၂၀၁၃)
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်နဲ့ မြန်မာနိုင်ငံ အကြား စီးပွားရေးဆက်ဆံမှု ပိုမိုခိုင်မြဲစေရေးရည်ရွယ်ချက်နဲ့ အဓိကကျတဲ့ စက်မှုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဒီကနေ့ စနေနေ့မှာ သဘောတူလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အလိုအပ်ဆုံးဖြစ်တဲ့ စီးပွားရေးပြန်လည်ရှင်သန်ဖို့ တွန်းအားပေးတဲ့အနေနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံ အဆောက်အဦးအတွက် ဂျပန်စီးပွားရေးလုပ်ငန်းတွေက အကူအညီပေးမှာဖြစ်တယ်။ ဂျပန် ကော်ပိုရေးရှင်းကြီးတွေက သီလဝါ အထူးစီးပွားရေးဇုံ စီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲမှာ ဂျပန် ဝန်ကြီးချုပ်က သက်သေအဖြစ်တက်ရောက်ခဲ့တာပါ။

အမျိုူးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်က သီလဝါအထူးစီးပွားရေးဇုံ ဟာ ၂ နိုင်ငံ အစိုးရအတွက်ရော ပုဂ္ဂလိကကဏ္ဍတွေ အတွက်ပါ သမိုင်းမှတ်တိုင်ဖြစ်ပါတယ်လို့ဆိုပါတယ်။

မြန်မာပြည်အတွက် သိပ်လိုအပ်နေတဲ့ အလုပ်အကိုင်တွေဖန်တီးရေးနဲ့ စက်မှုနည်းပညာအထောက်အကူအတွက်ပါ အကျိုးရှိစေတယ် လို့ဆို ပါတယ်။ မြန်မာလူထုအတွက်သာမက ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေအတွက်ပါ ၂ ဦး ၂ ဘက် အကျိုးဖြစ်ထွန်းကြဖို့ မျှော်လင့်တယ်လို့လည်း ဦးဆက်အောင်ကမှတ်ချက်ချကြောင်း ရန်ကုန်ကလာတဲ့ AFP သတင်းတရပ်မှာ ဖေါ်ပြထား ပါတယ်။
XS
SM
MD
LG