သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအတိုင္ပင္ခံပုဂၢိဳလ္ ဂ်ပန္ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕ဆုံ


ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Shinzo Abe တို႔ ေတြ႔ဆံုစဥ္ (ေအာက္တိုဘာ၊ ၂၁၊ ၂၀၁၉)

ဂ်ပန္ႏိုင္ငံမွာ ေရာက္႐ွိေနတဲ့ ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Shinzo Abe တို႔ ဒီကေန႔ေတြ႔ဆုံၾကတာမွာ ရခိုင္ျပည္နယ္ အေျခအေန တိုးတက္ေရးအတြက္ ျမန္မာအစိုးရရဲ႕ ႀကိဳးပမ္းခ်က္ကို အစြမ္းကုန္ အားေပး ကူညီသြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ Abe က ေျပာၾကားခဲ့ပါတယ္။

ရခိုင္ျပည္နယ္ထဲက လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္လို႔လည္း ႏိုင္ငံတကာလြတ္လပ္တဲ့ စံုစမ္းမႈေတြရဲ႕ အႀကံျပဳခ်က္ေတြအတိုင္း ျမန္မာအစိုးရေရာ စစ္တပ္ကပါ သင့္ေတာ္တဲ့အေရးယူမႈေတြ ခ်က္ခ်င္းလုပ္ဖုိ႔ လံုးဝလိုအပ္တယ္လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္က ေဒၚေအာင္ဆန္းစုၾကည္ကို တိုက္တြန္းခဲ့ပါတယ္။

အိုးအိမ္စြန္႔ခြာေနရသူေတြ ေနရပ္ျပန္ႏိုင္ဖုိ႔ အေျခအေန ဖန္တီးေပးဖုိ႔ လိုအပ္တယ္လို႔လည္း ဂ်ပန္ဝန္ႀကီးခ်ဳပ္က ေျပာၾကားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ရခိုင္ျပည္နယ္က ကိစၥေတြကို မွန္ကန္စြာ ေျဖ႐ွင္းသြားဖုိ႔ ရည္႐ြယ္ထားၿပီး လိုအပ္တဲ့ေဆာင္႐ြက္မႈေတြကို လုပ္ဖုိ႔လည္း တြန္႔ဆုတ္မွာ မဟုတ္ဘူးလို႔ တံု႔ျပန္ခဲ့ပါတယ္။

တိုင္ရင္းသား လူနည္းစုေတြန႔ဲ ၿငိမ္းခ်မ္းေရးရေအာင္ ေဆာင္႐ြက္ေနတဲ့ ကိစၥေတြကိုလည္း ေခါင္းေဆာင္ ႏွစ္ ေယာက္ ေဆြးေႏြးခဲ့ၾကတယ္လို႔ ဂ်ပန္ႏိုင္ငံျခားေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ေ႐ွ႕တုိးႏိုင္ဖုိ႔အတြက္ ဂ်ပန္အစိုးရက တာဝန္ေပးထားတဲ့ ျမန္မာႏိုင္ငံ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ အထူးသံတမန္ Yōhei Sasakawa နဲ႔အတူ လိုအပ္တဲ့ ပံ့ပိုးမႈေတြ ဂ်ပန္က ဆက္လက္ေပးသြားမယ္လို႔လည္း ဂ်ပန္ဝန္ႀကီးခ်ဳပ္က ကတိျပဳခဲ့ပါတယ္။

သီလဝါ အထူးစီးပြားေရးဇုန္ ဖြံၿဖိဳးေရးအပါအဝင္ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမွဳပ္ႏွံမႈ ျမွင့္တင္ေရးနဲ႔ အလုပ္အကိုင ္ဖန္တီးေရးကိစၥေတြကိုလည္း ဝန္ႀကီးခ်ဳပ္ Abe နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တုိ႔ ေဆြးေႏြးခဲ့ၾကပါတယ္။

ဂ်ပန္ႏိုင္ငံမွာ လတ္တေလာႀကံဳခဲ့ရတဲ့ Hagibis မုန္တိုင္းႀကီး ဒဏ္ခံရသူေတြအတြက္ အင္မတန္ စိတ္မေကာင္းတဲ့အေၾကာင္းလည္း ေဒၚေအာင္ဆန္းစုၾကည္က ဂ်ပန္ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႔ဆံုစဥ္မွာ ေျပာၾကားခဲ့ပါတယ္။

မနက္ျဖန္အဂၤါေန႔မွာ က်င္းမယ့္ ဂ်ပန္ဘုရင္သစ္ Naruhito နန္းတက္ပြဲကို တက္ေရာက္ဖုိ႔ ေဒၚေအာင္ဆန္းစုၾကည္ ဂ်ပန္ႏိုင္ငံမွာ ေရာက္႐ွိေနတာျဖစ္ပါတယ္။

[Unicode Version]

ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ ဒီကနေ့တွေ့ဆုံကြတာမှာ ရခိုင်ပြည်နယ် အခြေအနေ တိုးတက်ရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်ကို အစွမ်းကုန် အားပေးကူညီသွားမယ်လို့ ဝန်ကြီးချုပ် Abe က ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲက လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း နိုင်ငံတကာလွတ်လပ်တဲ့ စုံစမ်းမှုတွေရဲ့ အကြံပြုချက်တွေအတိုင်း မြန်မာအစိုးရရော စစ်တပ်ကပါ သင့်တော်တဲ့အရေးယူမှုတွေ ချက်ချင်းလုပ်ဖို့ လုံးဝလိုအပ်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ပါတယ်။

အိုးအိမ်စွန့်ခွာနေရသူတွေ နေရပ်ပြန်နိုင်ဖို့ အခြေအနေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့လည်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်ပြည်နယ်က ကိစ္စတွေကို မှန်ကန်စွာ ဖြေရှင်းသွားဖို့ ရည်ရွယ်ထားပြီး လိုအပ်တဲ့ဆောင်ရွက်မှုတွေကို လုပ်ဖို့လည်း တွန့်ဆုတ်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

တိုင်ရင်းသား လူနည်းစုတွေနဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေတဲ့ ကိစ္စတွေကိုလည်း ခေါင်းဆောင် နှစ် ယောက် ဆွေးနွေးခဲ့ကြတယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့တိုးနိုင်ဖို့အတွက် ဂျပန်အစိုးရက တာဝန်ပေးထားတဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးသံတမန် Yōhei Sasakawa နဲ့အတူ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ဂျပန်က ဆက်လက်ပေးသွားမယ်လို့လည်း ဂျပန်ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန် ဖွံဖြိုးရေးအပါအဝင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနဲ့ အလုပ်အကိုင ်ဖန်တီးရေးကိစ္စတွေကိုလည်း ဝန်ကြီးချုပ် Abe နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြပါတယ်။

ဂျပန်နိုင်ငံမှာ လတ်တလောကြုံခဲ့ရတဲ့ Hagibis မုန်တိုင်းကြီး ဒဏ်ခံရသူတွေအတွက် အင်မတန် စိတ်မကောင်းတဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

မနက်ဖြန်အင်္ဂါနေ့မှာ ကျင်းမယ့် ဂျပန်ဘုရင်သစ် Naruhito နန်းတက်ပွဲကို တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG