သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အစိုးရအဖွဲ့ ပြောင်းလဲဖွဲ့စည်း

ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ သူ့ရဲ့ အာဏာရ DPJ ပါတီတွင်းက ပြိုင်ဖက်တဦးအပေါ် အနိုင်ရပြီး ဂျပန်ဝန်ကြီးချုပ်အဖြစ် ပြန်လည် အရွေးခံခဲ့ရတဲ့ မစ္စတာ Naoto Kan ဟာ သူ့ရဲ့ အစိုးရအဖွဲ့သစ်မှာပါဝင်တဲ့ ဝန်ကြီးတွေရဲ့ အမည်စာရင်းကို ဒီကနေ့ ကြေညာလိုက်ပါတယ်။

ထိုင်းမှိုင်းနေတဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို ပြန်လည် နာလန်ထူစေမယ့် သူ့အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့ကိုလည်း စိုင်းပြင်းနေပါတယ်။ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး Katsuya Okada နေရာကို ကာကွယ်ရေးနဲ့ သံတမန်ရေးရာမှာ ကျွမ်းကျင်တယ်ဆိုတဲ့ အသက် ၄၈ နှစ်အရွယ် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး Seiji Maehara နဲ့ အစားထိုးလိုက်ပါတယ်။ အရှေ့ တရုတ်ပင်လယ်တွင်း သူပိုင် ကိုယ်ပိုင် အငြင်းပွားနေတဲ့ ကိစ္စကြောင့် တရုတ်နဲ့ ဂျပန်ကြား သံတမန်ဆက်ဆံရေး ခပ်တန်းတန်း ဖြစ်နေတဲ့ကိစ္စတွေကို နိုင်ငံခြားရေး ဝန်ကြီးသစ် Maehara ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် အချေအတင်ဖြစ်နေဆဲ ကိစ္စတခုဖြစ်တဲ့ Okinawa ကျွန်းက အမေရိကန် တပ်စခန်း ပြောင်းရွှေ့ရေးကိုလည်း ဖြေရှင်းရဦးမှာဖြစ်ပါတယ်။

မစ္စတာ Okada ကတော့ နိုင်ငံခြားရေးဝန်ကြီးကနေ အာဏာရ DPJ ပါတီတွင်း ဒုတိယအကြီးဆုံး ရာထူးကို လွဲပြောင်းမှာ ဖြစ်ပါတယ်။ တရားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေး ဝန်ကြီးသစ်တွေရဲ့ အမည်လည်း ဒီကနေ့ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံ အကြွေးတွင်းနက်နေတာကို စိုးရိမ်တဲ့ ဘဏ္ဍာရေးဝန်ကြီး Yoshihiko Noda နဲ့ ဝန်ကြီးချုပ် Naoto Kan ရဲ့ ညာလက်ရုံးလို့ ပြောကြတဲ့ ကာကွယ်ရေးဝန်ကြီး Toshimi Kitazawa တို့ကတော့ အရင်ရာထူးအတိုင်း ဆက်လက် တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG