သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် ကာကွယ်ရေး လမ်းညွှန်အသစ် ပြဌာန်း


ဂျပန် ကာကွယ်ရေး လမ်းညွှန်အသစ် ပြဌာန်း

တရုတ်နဲ့မြောက်ကိုရီးယားက မစ်ဇိုင်းဒုံးကျည် ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကို အာရုံစိုက်တဲ့အနေနဲ့ ဂျပန်နိုင်ငံရဲ့  ကာကွယ်ရေးဆိုင်ရာ လမ်းညွန်မှုအသစ်တွေကို ဒီကနေ့ ကြေညာလိုက်ပါတယ်။ စစ်အေးခေတ်ကာလအတွင်း ရုရှားရဲ့  ခြိမ်းခြောက်မှုကို ဦးစားပေးပြီးချမှတ်ထားတဲ့ အရင်က ကာကွယ်ရေးလမ်းညွှန်ချက်တွေအစား အခု အသစ်ပြောင်းလဲ ချမှတ်လိုက်တာပါ။

တရုတ်ဟာ ရုရှားထက်ပိုကြီးမားတဲ့ ခြိမ်းချောက်မှု ဖြစ်လာတယ်လို့ ဒီကနေ့ ကြေညာတဲ့ ကာကွယ်ရေးလမ်းညွန်အသစ်က ဆိုပါတယ်။ တရုတ်ဟာ သူ့ရဲ့ အိမ်နီးချင်း ရေပိုင်နက်တွေမှာ တရုတ်တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ တိုးချဲ့လှုပ်ရှား လာနေတယ်လို့လည်း ဆိုပါတယ်။ အခုလိုပြောဆိုမှုတွေဟာ ဂျပန်က မမှန်မကန် စွပ်စွဲပြောဆိုနေတာလို့ တရုတ်ဘက်က ခပ်မြန်မြန်ပဲ တုံ့ပြန်ပါတယ်။ တရုတ်ရဲ့  တိုးတက်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ရတဲ့ကိစ္စတွေကို ဘယ်နိုင်ငံကမှ တာဝန်မဲ့မှတ်ချက်ပေးခွင့် မရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ကျန်းယုက ပြောလိုက်ပါတယ်။

ဂျပန်ရဲ့ ကာကွယ်ရေးဆိုင်ရာ လမ်းညွန်ချက်အသစ်တွေထဲမှာ အကြမ်းဘက်ဝါဒနဲ့ မြောက်ကိုရီးယားရဲ့  မစ်ဇိုင်းဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အခါ ပိုပြီး ပြုလွယ်ပြင်လွယ်တဲ့ ဥပဒေရေးရာကိစ္စတွေပါ ထည့်သွင်းထားပါတယ်။ ဂျပန်ရဲ့ ကာကွယ်ရေးလမ်းညွန် အသစ်တွေထဲမှာ အမေရိကန်ပြည်ထောင်စုနဲ့ ပိုပြီးခိုင်မာတဲ့ မဟာမိတ်ဖြစ်ရေးကိုပါ ထည့်သွင်းထားပါတယ်။ အမေရိကန်ဟာ ဂျပန်ရဲ့ အကြီးမားဆုံး မဟာမိတ်နိုင်ငံဖြစ်ပြီး ဂျပန်ရဲ့ လုံခြုံရေးကွန်ယက်ကို တိုးချဲ့တဲ့အနေနဲ့ ဒေသတွင်းနိုင်ငံတွေ ဖြစ်တဲ့ တောင်ကိုရီးယားနဲ့ သြစတေးလျနိုင်ငံတွေကိုပါ ဂျပန်က မိတ်ဆွေနိုင်ငံတွေအဖြစ် လက်တွဲသွားမယ်လို့ဆိုပါတယ်။

XS
SM
MD
LG