သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါတ်ရောင်ခြည် ထိန်းချုပ်ရေး ဂျပန်တို့သက်စွန့်ကြိုးပမ်း


ဓါတ်ရောင်ခြည် ထိန်းချုပ်ရေး ဂျပန်တို့သက်စွန့်ကြိုးပမ်း
ဓါတ်ရောင်ခြည် ထိန်းချုပ်ရေး ဂျပန်တို့သက်စွန့်ကြိုးပမ်း

ဂျပန်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ သူတို့အတွက် အသက်အန္တရာယ်ရှိနေတဲ့ အနေအထားမှာ ဖူကူရှီးမား အမှတ် (၁) ဓါတ်အားပေးစက်ရုံရဲ့ နံပါတ် (၃) ဓါတ်ပေါင်းဖိုက နျူကလီးယား လောင်စာချောင်းတွေရဲ့ မြင့်တက်နေတဲ့အပူချိန်ကို လျော့ကျသွားအောင် စွန့်လွှတ် စွန့်စားလုပ်ဆောင်နေကြတာဖြစ်ပြီးတော့ အခုကြုံတွေ့နေရတဲ့ နျူကလီးယား အရေးအခင်းဟာ ဂျပန်နိုင်ငံအတွက် သေရေးရှင်ရေးကိစ္စကြီးဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် နာအိုတိုးခန် က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ငလျင်ဒဏ်နဲ့ ဆူနာမီဒဏ်သင့်ခဲ့တဲ့ ဖူကူရှီးမားခရိုင်က အမှတ် (၁) လျှပ်စစ်ဓါတ်အားပေး စက်ရုံရှိရာ ဂျပန်နိုင်ငံ အရှေ့မြောက်ခြမ်း တိုဟိုးခု ဒေသတခုလုံးမှာ နျူကလီးယားအန္တရာယ် ကျရောက်မှု နိုင်ငံတကာသတ်မှတ်ချက် အဆင့် (၄) ကနေ (၅) ကို ရောက်ရှိသွားပြီလို့ ဒီကနေ့ ဂျပန်အရာရှိတွေက ပြောပါတယ်။

နျူကလီးယား အန္တရာယ်ကျရောက်မှု နိုင်ငံတကာ သတ်မှတ်ချက် အမြင့်ဆုံးဟာ အဆင့် (၇) ဖြစ်ပါတယ်။ အခု ဖူကူရှီးမားမှာ သတ်မှတ်ခဲ့တဲ့အဆင့်ဟာ ၁၉၇၉ ခုနှစ်က အမေရိကန်ပြည်ထောင်စု Three-Mile Island ပေါ်က နျူကလီးယား ဓါတ်ပေါင်းဖိုမှာ စက်မှုပိုင်းနဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် သတ်မှတ်ခဲ့တဲ့ နျူကလီးယား အန္တရာယ် ကျရောက်မှု နိုင်ငံတကာအဆင့်သတ်မှတ်ချက်နဲ့ တန်းတူဖြစ်ပါတယ်။

ဓါတ်ပေါင်းဖိုရဲ့ အအေးခံစနစ်တွေ အလုပ်လုပ်ဖို့ လျှပ်စစ်ဓါတ်ပို့လွှတ်ပေးမယ့် အရေးပေါ် ဓါတ်အားလိုင်းတလိုင်းကို ဂျပန် အင်ဂျင်နီယာတွေက ဓါတ်ပေါင်းဖိုရှိရာ အဆောက်အဦးထဲမှာလည်း တပ်ဆင်ဖို့ ကြိုးပမ်းနေကြပါတယ်။ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA အကြီးအကဲ ဂျပန်နိုင်ငံသား ယုကီယား အာမာနို ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၄ ဦးပါ IAEA ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ တိုကျိုမြို့တော်ကို ရောက်ရှိလာကြပြီး ဒီပြဿနာကို ကူညီဖြေရှင်းရေး ဂျပန် ထိပ်တန်းအရာရှိကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ဒီကနေ့ ဂျပန်အစိုးရရဲ့ နောက်ဆုံးအတည်ပြုကြေညာချက်အရ ငလျင်နဲ့ဆူနာမီဒဏ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆,၄၀၀ ကျော်လာခဲ့ပြီးတော့ ပျောက်ဆုံးသူ အရေအတွက်က ၁၀,၀၀၀ ကျော် ရှိနေပါတယ်။ ငလျင်နဲ့ဆူနာမီဒဏ်ကိုခံခဲ့ရတဲ့ ဂျပန်နိုင်ငံရဲ့ ထိခိုက်လာမယ့် စီးပွားရေးကို အကူအညီပေးဖို့ ဂျပန်ယမ်းငွေတန်ဘိုး မြင့်တက်သွားတာကို ပြန်ပြီးချပေးနိုင်အောင် လုပ်ဆောင်ကြဖို့ စက်မှုထိပ်သီး ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံက အရာရှိတွေက ကြိုးပမ်းနေကြပါတယ်။ ဒီသတင်းကြောင့် ငွေကြေးဈေးကွက်မှာ ဂျပန်ယမ်းငွေတန်ဘိုး ပြန်လည်ကျဆင်းသွားပြီးတော့ ဂျပန်စတော့ရှယ်ယာ အညွှန်းကိန်းဟာလည်း ၂ ဒဿမ ၇ ရာခိုင်နှုန်းအထိ တက်လာခဲ့ပါတယ်။

XS
SM
MD
LG