သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နျူကလီးယားပြဿနာ ဆုံးခန်းတိုင်ရေး မမြင်သေး


ဂျပန်နျူကလီးယားပြဿနာ ဆုံးခန်းတိုင်ရေး မမြင်သေး
ဂျပန်နျူကလီးယားပြဿနာ ဆုံးခန်းတိုင်ရေး မမြင်သေး

ဂျပန်နိုင်ငံမှာ ဓါတ်ရောင်ခြည်စိမ့်ထွက်မှုဖြစ်နေတဲ့ ဖူကူရှီးမား နျူကလီးယားစွမ်းအင် စက်ရုံကနေ ရေဒီယို သတ္တိကြွမှု မြင့်မားတဲ့ရေတွေကို ဖယ်ထုတ်ဖို့ ဝန်ထမ်းတွေကြိုးစားနေကြပါတယ်။ ဖူးကူးရှီးမားစက်ရုံရဲ့ အခြေအနေဟာ မတည်ငြိမ်သေးဘူးလို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် နာအိုးတိုးခန် သောကြာနေ့က ပြောလိုက်ပါတယ်။

စက်ရုံကို အပူချိန်လျော့ချနိုင်ရေး လုပ်ငန်းတွေကို အသက်နဲ့ရင်းပြီးဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ပါကြောင်း ဝန်ကြီးချုပ် ခန်က ပြောဆိုလိုက်ပါတယ်။

ဖူကူရှီးမားခရိုင် စက်ရုံကနေ မီတာ ၃၀၀ အကွာမှာရှိတဲ့ပင်လယ်ရေထဲမှာ ရှိသင့်တဲ့ပမာဏထက် ရေဒီယို ဓါတ်သတ္တိကြွမှု ပမာဏဟာ အဆပေါင်း ၁,၂၀၀ ကျော် မြင့်နေတယ်လို့ ဂျပန်နိုင်ငံ နျူကလီးယားနဲ့ စက်မှုလုပ်ငန်း ဘေးအန္တရာယ် လုံခြုံရေးအေဂျင်စီက တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့ စက်ရုံကနေ ကီလိုမီတာ ၃၀ အကွာမှာ ရှိရမယ့် ပမာဏထက်တော့ မပိုသေးဘူးလို့ ဆိုပါတယ်။

ဒီနျူကလီးယားပြဿနာ ဘယ်တော့မှ အဆုံးသတ်မယ်ဆိုတာကို ခန့်မှန်းပြောဆိုဖို့ မလွယ်ဘူးလို့ ဝန်ကြီးအဖွဲ့ အတွင်းရေးမှူး ယူခိယို အဲဒနို (Yukio Edano) က စနေနေ့က ပြောပါတယ်။ ဂျပန်နိုင်ငံမှာဖြစ်ခဲ့တဲ့ငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၁၀,၀၀၀ ခန့်၊ ပျောက်ဆုံးသူ ၁၇,၅၀၀ နဲ့ ယာယီအဆောက်အဦးတွေမှာ နေထိုင်နေကြသူ ၃၀၀,၀၀၀ လောက်ရှိတယ်လို့ ဂျပန်အမျိုးသားရဲတပ်ဖွဲ့က သောကြာနေ့က ပြောဆိုလိုက် ပါတယ်။

XS
SM
MD
LG