သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နျူကလီးယားစက်ရုံပြန်ဖွင့်


ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၃ နှစ်က နျူကလီးယားဓာတ်ပေါင်းဖို ယိုစိမ့်မှုကြောင့် ပိတ်ထားခဲ့ရတဲ့ အနုမြူဓာတ်ပေါင်းဖို ၂ ခုကို ပြန်ပြီး လည်ပတ်နိုင်ဖို့ နိုင်ငံတော်အဆင့် ခွင့်ပြုချက် ရလိုက်ပါပြီ။

ဒေသန္တရ အာဏာပိုင်တွေရဲ့ အတည်ပြုချက် မရသေးပေမဲ့လည်း နိုင်ငံအနောက်တောင်ပိုင်းက Sendi ဓာတ်ပေါင်းဖိုကို ပြန်ပြီး လည်ပတ်နိုင်တော့မယ်လို့ အနုမြူစွမ်းအင်ထိန်းချုပ်ရေးဆိုင်ရာ အစိုးရဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောသွားခဲ့တာပါ။

အနုမြူအရေး လှုပ်ရှားတက်ကြွသူတွေကတော့ ဒီဓာတ်ပေါင်းဖိုဟာ မီးတောင်အနီးမှာ ရှိနေတာကြောင့် ပြန်ပြီးအသုံးပြုဖို့ အန္တရာယ်ရှိတယ်လို့ ပြောနေပေမဲ့လည်း အစိုးရဘက်ကတော့ ဖြစ်နိုင်ချေ သိပ်နည်းတယ်လို့ ပြောပါတယ်။

၂၀၁၁ ခုနှစ်က ငလျင်နဲ့ ဆူနာမီရေလှိုင်းတွေကြောင့် ပိတ်ထားခဲ့ရတဲ့ ဓာတ်ပေါင်းဖိုတွေကို တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေအောက် အခုမှ ပထမဆုံး ပြန်စနိုင်တာပါ။ ဖူကူရှီးမားမြို့မှာ ငလျင်ဒဏ်ကြောင့် ဓာတ်ပေါင်းဖိုတွေဆီက ဘေးပတ်ဝန်းကျင်ဆီ အနုမြူယိုစိမ့်ခဲ့တာကြောင့် အဲဒီဓာတ်ပေါင်းဖိုတွေကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG