သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် နျူကလီးယားစက်ရုံ မီးခိုးတွေ ထပ်ထွက်လို့ ဝန်ထမ်းအချို့ ယာယီရုပ်သိမ်း


ဂျပန် နျူကလီးယားစက်ရုံ မီးခိုးတွေ ထပ်ထွက်လို့ ဝန်ထမ်းအချို့ ယာယီရုပ်သိမ်း
ဂျပန် နျူကလီးယားစက်ရုံ မီးခိုးတွေ ထပ်ထွက်လို့ ဝန်ထမ်းအချို့ ယာယီရုပ်သိမ်း

ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ နျူကလီးယား စက်ရုံတွင်း ဓာတ်ပေါင်းဖိုတွေထဲက တခုမှာ မီးခိုးလုံးတွေ ထွက်လာခဲ့ပြီးတဲ့နောက် စက်ရုံထဲက ဝန်ထမ်းတွေကို ယာယီ နေရာ ရွှေ့ပြောင်းမှုတွေ လုပ်ခဲ့ရပါတယ်။

လောလောဆယ် လေထုထဲ ရေဒီယို သတ္တိကြွ ဓာတ်ပမာဏ ချက်ချင်း ပိုများလာတာမျိုး မတွေ့ရသေးတဲ့ အကြောင်းနဲ့ ဘာကြောင့် အခုလို မီးခိုးတွေ ထွက်နေတာလဲ ဆိုတာကို ဆန်းစစ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖူကူရှီးမားခရိုင် (Fukushima) နျူကလီးယားစက်ရုံက အခြေအနေဟာ အလွန်စိုးရိမ်စရာ အခြေအနေမှာ ရှိနေတုန်းပဲလို့ နိုင်ငံတကာ အဏုမြူအေဂျင်စီ (IAEA) အကြီးအကဲ ယူကီယာ အမ်မာနို (Yukiya Amano) က ဗီယာနာမြို့မှာ ကျင်းပနေတဲ့ IAEA ခေါင်းဆောင်များရဲ့ အထူးအစည်းအဝေး တခုအတွင်း ပြောသွားခဲ့ပါတယ်။

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ကမ်းရိုးတန်း တလျှောက်က ပစိဖိတ် သမုဒ္ဒရာထဲမှာ သာမန်ထက်ပိုပြီး ရေဒီယို သတ္တိကြွဓာတ် မြင့်မားနေတာ တွေ့ရတယ်လို့ တိုကျို လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီကလည်း ပြောပါတယ်။ ဒါပေမဲ့ လူတွေကို အန္တရာယ် ဖြစ်စေတဲ့အထိ စိုးရိမ်ရတဲ့ အခြေအနေလို့တော့ သူတို့က မယူဆကြပါဘူး။

ဂျပန်နိုင်ငံအနေနဲ့ ငလျင်နဲ့ ဆူနာမီ သဘာဝဘေးဒုက္ခ အပျက်အစီးတွေကနေ ပြန်လည် နာလန်ထူနိုင်ဖို့ ၅ နှစ်လောက် အချိန်ယူ ပြန်တည်ဆောက်ရမှာ ဖြစ်သလို ဒီ့အတွက် ဒေါ်လာ ၂၃၅ ဘီလီယံအထိ ကုန်ကျနိုင်တယ်လို့ ကမ္ဘာ့ဘဏ် အရာရှိတွေက ပြောပါတယ်။

ပျက်စီးဆုံးရှုံးမှု ပမာဏဟာ နိုင်ငံရဲ့ စီးပွားရေး ထုတ်ကုန်ပမာဏရဲ့ ၄% တန်ဖိုးလောက်နဲ့ ညီမျှဖွယ် ရှိတယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ တနင်္လာနေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG