သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုကျိုသောက်ရေ နျူကလီးယား ဓာတ်ကြွမှု မြင့်မား


တိုကျိုသောက်ရေ နျူကလီးယား ဓာတ်ကြွမှု မြင့်မား
တိုကျိုသောက်ရေ နျူကလီးယား ဓာတ်ကြွမှု မြင့်မား

တိုကျိုမြို့တော်ရဲ့ ရေပေးဝေရေးစနစ်မှာ ရေဒီယို သတ္တိကြွတဲ့နှုန်း မြင့်တက်လာနေတဲ့အတွက် ရေပိုက်ကလာတဲ့ ရေတွေကို ကလေးငယ်တွေကို မတိုက်ဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

သတိပေးချက်ကြောင့် သောက်ရေသန့်ဘူးတွေကို အပြေးအလွှား ဝယ်ယူတာတွေ ရှိနေချိန်မှာပဲ အစိုးရ တာဝန်ရှိသူတွေကတော့ တည်တည်ငြိမ်ငြိမ် ရှိကြဖို့ လူဦးရေ ၁၃ သန်းရှိတဲ့ မြို့ခံတွေကို ဒီကနေ့ပဲ ဆော်သြခဲ့တာပါ။

မြို့ရဲ့ ရေဖြန့်ဖြူးရေးဌာန တခုမှာ စစ်ဆေးချက်အရဆိုရင် ထိခိုက်ပျက်စီးသွားတဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယား စက်ရုံက ထွက်ပေါ်လာတဲ့ ရေဒီယို ဓာတ်သတ္တိတွေဟာ လေထုထဲ ပျံ့နှံ့လာရာက မိုးရေနဲ့အတူ ပါလာပုံရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ပျံ့နှံ့နေတဲ့ ရေဒီယို ဓာတ်သတ္တိ ပမာဏဟာ ကျန်းမာရေး ထိခိုက်လောက်တဲ့ အဆင့်အထိ မရှိပေမဲ့လည်း အသက် ၁ နှစ်အောက် ကလေးငယ်တွေကို သောက်ရေအဖြစ် သောက်သုံးဖို့တော့ အသုံးမပြုဖို့ အာဏာပိုင်တွေက နှိုးဆော်ထားတာ ဖြစ်ပါတယ်။

နျူကလီးယား စက်ရုံက အန္တရာယ် အရှိဆုံးဖြစ်တဲ့ ဓာတ်ပေါင်းဖို အမှတ် ၃ က မီးခိုးမည်းတွေနဲ့ ရေနွေးငွေ့တွေ ထပ်မံ ထွက်ပေါ်လာတဲ့အတွက် ဒီကနေ့ ဒေသစံတော်ချိန် ညနေပိုင်းမှာတော့ စက်ရုံထဲက အလုပ်သမားတွေကို ခေတ္တ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတာပါ။

မီးခိုးတွေထွက်လာတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပေမဲ့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အခုလို အလုပ်သမားတွေကို ရွှေ့ရတာလို့ စက်ရုံတာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG