သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နဲ့ ဖိလစ်ပိုင်ကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ထပ်ပြီးတိုးချဲ့ဖို့ဆွေးနွေး


The Japan Maritime Self-Defense Force (JMSDF) vessel JS AMAGIRI (DD-154), an Asagiri-class destroyer (General Type), is escorted by another boat upon its arrival at the south harbor in Metro Manila, Philippines February 2, 2018. REUTERS/Romeo Ranoco - RC17F3240510
The Japan Maritime Self-Defense Force (JMSDF) vessel JS AMAGIRI (DD-154), an Asagiri-class destroyer (General Type), is escorted by another boat upon its arrival at the south harbor in Metro Manila, Philippines February 2, 2018. REUTERS/Romeo Ranoco - RC17F3240510

ဂျပန်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နောက်ထပ်တိုးချဲ့ရေး ဆန်းစစ်သုံးသပ်သွားကြဖို့ ဒီကနေ့ သဘောတူလိုက်ကြပါတယ်။

ဒေသတွင်း တင်းမာမှုတွေရှိနေတာ၊ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတာစတဲ့ နောက်ခံအခြေအနေတွေ ရှိနေချိန်မှာပဲ အမေရိကန်ပြည်ထောင်စုရဲ့ အဓိကမဟာမိတ် အာရှ နှစ်နိုင်ငံက နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ 2+2 ဆိုတဲ့ ပုံစံနဲ့ တိုကျိုမြို့တော်မှာ တွေ့ဆုံဆွေးနွေးကြတာပါ။

နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ထောက်ပို့ပစ္စည်းတွေ မျှဝေရေး ပိုကောင်းအောင်လုပ်နိုင်မယ့် အလားအလာတွေကို ဆန်းစစ်ကြမယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး Yoshimasa Hayashi က အစည်းအဝေးအပြီးမှာ ပြောခဲ့ပါတယ်။

အရှေ့နဲ့ တောင်တရုတ်ပင်လယ်တွေထဲမှာ တရုတ်နိုင်ငံက လုပ်ဆောင်နေပုံတွေအပေါ် ဂျပန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ဘဝင်မကျ ကြသလို ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှု၊ မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုတွေဟာလည်း နှစ်နိုင်ငံလုံးက စိုးရိမ်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။

ဂျပန်နဲ့ ဖိလစ်ပိုင်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ပိုပြီးနီးကပ်တဲ့ဆက်ဆံရေး တည်ဆောက်ဖို့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလက သဘောတူစာချုပ်တခု လက်မှတ်ရေးထိုးခဲ့ကြပြီး အဲဒီအချိန်ကတည်းကဆိုရင် ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုပေါင်း အကြိမ် ၂၀ နီးပါး လုပ်ပြီးသွားပါပြီ။ ၂၀၂၁ ခုနှစ်တုန်းကတော့ လေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကိုလည်း လုပ်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံနဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်တွင်း ဖိလစ်ပိုင်ရဲ့ ကင်းလှည့်လုပ်ငန်းတွေ ပိုအားကောင်းစေဖို့အတွက် ကာကွယ်ရေးနဲ့နည်းပညာပိုင်း ပစ္စည်းကိရိယာတွေ ဂျပန်နိုင်ငံက လွှဲပြောင်းကူညီပေးခဲ့ဖူးပါတယ်။

==Unicode==







XS
SM
MD
LG