သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်စစ်ရေးကဏ္ဍ ချဲ့မယ့်အစီအစဉ် ဖိလစ်ပိုင် ထောက်ခံ


ဖိလစ်ပိုင် သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ် တိုကျိုမြို့မှာ တွေ့ဆုံစဉ်၊ ဇွန် ၂၄၊ ၂၀၁၄
ဖိလစ်ပိုင် သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ် တိုကျိုမြို့မှာ တွေ့ဆုံစဉ်၊ ဇွန် ၂၄၊ ၂၀၁၄
နိုင်ငံရပ်ခြားမှာ ဂျပန်ရဲ့ စစ်ရေးကဏ္ဍကို တိုးမြှင့်ဖို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ အစီအစဉ်ကို ဖိလစ်ပိုင် အစိုးရက ထောက်ခံလိုက်ပါတယ်။

Mr. Abe နဲ့ ဖိလစ်ပိုင်သမ္မတ Benigno Aquino တို့ တိုကျိုမှာ အင်္ဂါနေ့ တွေ့ဆုံဆွေးနွေးပွဲအပြီး အခုလို ထောက်ခံကြောင်း ကြေညာချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အခုတွေ့ဆုံပွဲဟာ တောင်တရုတ်ပင်လယ်ပြင်ထဲက တရုတ်နဲ့ နယ်မြေပိုင်နက် အငြင်းပွားနေတဲ့ နိုင်ငံတွေထဲမှာပါတဲ့ ဂျပန်နဲ့ ဖိလစ်ပိုင် ၂ နိုင်ငံကြား ဆက်ဆံရေး ခိုင်မာတာကို ပြသတာအဖြစ် ရှုမြင်ကြပါတယ်။

ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာမှာ ဂျပန်နိုင်ငံကို သူ့မဟာမိတ်တွေ အတိုက်ခိုက်ခံရချိန်မှာ သွားရောက်ကူညီခွင့် ပေးရမယ် ဆိုရင် ဒီအပြောင်းအလဲကို ကြိုဆိုကြောင်း Mr. Aquino ကပြောပါတယ်။ တကယ်လို့ ဂျပန်နိုင်ငံသားတွေကသာ လက်ခံမယ်ဆိုရင် ဒီကိစ္စအတွက် ဂျပန်ဖွဲ့စည်းပုံဥပဒေကို ပြန်ကောက်ဖို့ အဆိုတင်နေစရာ မလိုတော့ပဲ နိုင်ငံတကာအတွက် ဂျပန်ရဲ့ လုပ်ဆောင်နိုင်မှု ပိုလာမှာ ဖြစ်သလို ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် လုပ်ဆောင်နေမှုတွေမှာလည်း ပိုအနီးကပ် လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်လို့ Mr. Aquino ကပြောပါတယ်။

Mr. Abe ရဲ့ လက်ရှိအာဏာရပါတီက ဖွဲ့စည်းပုံဥပဒေမှာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းမှုတွေ လုပ်ခွင့်ပြုဖို့ ကျိုးစားနေတာ ဖြစ်ပါတယ်။ အခုလို အဆိုပြုချက်တွေအတွက် တရုတ်အစိုးရက ဒေါသတကြီး ကန့်ကွက်ခဲ့သလို ဒါဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း စိတ်ပျက်စရာ ကိစ္စတရပ်ဖြစ်ပြီး ဒေသတွင်းတင်းမာမှုတွေကို ပိုတိုးစေမယ်လို့ ဆိုပါတယ်။
XS
SM
MD
LG