သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ စစ္ေရးစြမ္းေဆာင္ရည္ တုိးျမင့္ဖို႔ ဝန္ႀကီးခ်ဳပ္ကတိျပဳ


ဂ်ပန္ႏိုင္ငံ၊ Miyako ရွိ ၾကည္းတပ္စခန္းတြင္ အလံတင္အခမ္းအနား က်င္းပေနစဥ္။

ဂ်ပန္ရဲ႕ ေရတပ္နဲ႔ စစ္ေရးစြမ္းေဆာင္ရည္ကို တိုးျမႇင့္ဖို႔ ဝန္ႀကီးခ်ဳပ္ Fumio Kishida က တနဂၤေႏြေန႔ မွာ ကတိကဝတ္ ျပဳလိုက္ပါတယ္။ ဂ်ပန္ႏိုင္ငံဟာ က်ဴးေက်ာ္ခ်င္သူေတြကို ရင္ဆိုင္ဖို႔ ျပင္ဆင္ၾကရမယ္လို႔လည္း သတိေပးလိုက္ပါတယ္။

ယူကရိန္းကို က်ဴးေက်ာ္ဝင္ေရာက္ခဲ့တဲ့ ႐ုရွားစစ္နဲ႔ ေျမာက္ကိုရီးယားက ဂ်ပန္ႏိုင္ငံေပၚေက်ာ္ၿပီး ဒုံးက်ည္ စမ္းသပ္ပစ္ခတ္ခဲ့တာေတြကိုလည္း ကီရွီဒါက ရႈတ္ခ်လိုက္ပါတယ္။

“စည္းမ်ဥ္းေတြကို မနာခံဘဲ၊ တျခားႏိုင္ငံေတြရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးကို ဖ်က္ဆီးဖို႔ အင္အားသုံး ၿခိမ္းေျခာက္လိုသူေတြ ေပၚလာတဲ့ ေခတ္ အခါမွာ ကြၽန္ေတာ္တို႔ေတြဟာ ကိုယ့္ကိုယ္ကိုယ္ ျပင္ဆင္ထားၾကရပါမယ္” လို႔ ဝန္ႀကီးခ်ဳပ္ ကီရွီဒါက ႏိုင္ငံတကာ ဂ်ပန္ေရတပ္ကို သြားေရာက္ၾကည့္ရႈစဥ္မွာ ေျပာၾကားပါတယ္။

ဂ်ပန္ေရတပ္ရဲ႕ စြမ္းေဆာင္ရည္ တိုးတက္ေအာင္ ေစာင့္ေနဖို႔ မျဖစ္ေတာ့ပါဘူးလို႔လည္း သူက ဆိုပါတယ္။ ေရတပ္သေဘၤာေတြ တည္ေဆာက္ေရး၊ ဒုံးက်ည္ကာကြယ္ေရးစနစ္ကို ျမႇင့္တင္ေရးနဲ႔ တပ္မေတာ္သားေတြရဲ႕ လုပ္ငန္းခြင္ အေျခအေနနဲ႔ နစ္နာခ်က္ေတြအတြက္ အစားေပးေလ်ာ္တာေတြကိုလည္း တိုးတက္ေအာင္ လုပ္ရမယ္လို႔ သူက ဆိုပါတယ္။ ငါးႏွစ္အတြင္းမွာ ဂ်ပန္ရဲ႕ ကာကြယ္ေရး အသုံးစားရိတ္ကို ၂ ဆ တိုးျမႇင့္မယ့္ လုံၿခဳံေရး စီမံကိန္းကိုလည္း ဂ်ပန္အစိုးရက ေရးဆြဲေနပါတယ္။

“အေရွ႕တ႐ုတ္နဲ႔ ေတာင္တ႐ုတ္ ပင္လယ္ျပင္အပါအဝင္ ဂ်ပန္ႏိုင္ငံကို ဝန္းရံထားတဲ့ အမ်ိဳးသားလုံၿခဳံေရး ပတ္ဝန္းက်င္က ဆိုးဝါးလာေနတယ္လို႔ တ႐ုတ္ႏိုင္ငံရဲ႕ အမည္ကို မေဖာ္ဘဲ ကီရွီဒါ က ေျပာသြားပါတယ္။ တ႐ုတ္နဲ႔ ဂ်ပန္ဟာ နယ္နိမိတ္ဆိုင္ရာ အျငင္းပြါးမႈ ရွိေနၾကပါတယ္။

=== Unicode ===

ဂျပန်ရဲ့ ရေတပ်နဲ့ စစ်ရေးစွမ်းဆောင်ရည်ကို တိုးမြှင့်ဖို့ ဝန်ကြီးချုပ် Fumio Kishida က တနင်္ဂနွေနေ့ မှာ ကတိကဝတ် ပြုလိုက်ပါတယ်။ ဂျပန်နိုင်ငံဟာ ကျူးကျော်ချင်သူတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြရမယ်လို့လည်း သတိပေးလိုက်ပါတယ်။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ရုရှားစစ်နဲ့ မြောက်ကိုရီးယားက ဂျပန်နိုင်ငံပေါ်ကျော်ပြီး ဒုံးကျည် စမ်းသပ်ပစ်ခတ်ခဲ့တာတွေကိုလည်း ကီရှီဒါက ရှုတ်ချလိုက်ပါတယ်။

“စည်းမျဉ်းတွေကို မနာခံဘဲ၊ တခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ဖျက်ဆီးဖို့ အင်အားသုံး ခြိမ်းခြောက်လိုသူတွေ ပေါ်လာတဲ့ ခေတ် အခါမှာ ကျွန်တော်တို့တွေဟာ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားကြရပါမယ်” လို့ ဝန်ကြီးချုပ် ကီရှီဒါက နိုင်ငံတကာ ဂျပန်ရေတပ်ကို သွားရောက်ကြည့်ရှုစဉ်မှာ ပြောကြားပါတယ်။

ဂျပန်ရေတပ်ရဲ့ စွမ်းဆောင်ရည် တိုးတက်အောင် စောင့်နေဖို့ မဖြစ်တော့ပါဘူးလို့လည်း သူက ဆိုပါတယ်။ ရေတပ်သင်္ဘောတွေ တည်ဆောက်ရေး၊ ဒုံးကျည်ကာကွယ်ရေးစနစ်ကို မြှင့်တင်ရေးနဲ့ တပ်မတော်သားတွေရဲ့ လုပ်ငန်းခွင် အခြေအနေနဲ့ နစ်နာချက်တွေအတွက် အစားပေးလျော်တာတွေကိုလည်း တိုးတက်အောင် လုပ်ရမယ်လို့ သူက ဆိုပါတယ်။ ငါးနှစ်အတွင်းမှာ ဂျပန်ရဲ့ ကာကွယ်ရေး အသုံးစားရိတ်ကို ၂ ဆ တိုးမြှင့်မယ့် လုံခြုံရေး စီမံကိန်းကိုလည်း ဂျပန်အစိုးရက ရေးဆွဲနေပါတယ်။

“အရှေ့တရုတ်နဲ့ တောင်တရုတ် ပင်လယ်ပြင်အပါအဝင် ဂျပန်နိုင်ငံကို ဝန်းရံထားတဲ့ အမျိုးသားလုံခြုံရေး ပတ်ဝန်းကျင်က ဆိုးဝါးလာနေတယ်လို့ တရုတ်နိုင်ငံရဲ့ အမည်ကို မဖော်ဘဲ ကီရှီဒါ က ပြောသွားပါတယ်။ တရုတ်နဲ့ ဂျပန်ဟာ နယ်နိမိတ်ဆိုင်ရာ အငြင်းပွါးမှု ရှိနေကြပါတယ်။

XS
SM
MD
LG