သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ် အာဏာရပါတီ ခေါင်းဆောင်အဖြစ်က နုတ်ထွက်


ဂျပန်ဝန်ကြီးချုပ် အာဏာရပါတီ ခေါင်းဆောင်အဖြစ်က နုတ်ထွက်
ဂျပန်ဝန်ကြီးချုပ် အာဏာရပါတီ ခေါင်းဆောင်အဖြစ်က နုတ်ထွက်

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် နာအိုးတိုးခန်ဟာ အာဏာရ ဒီမိုကရက်ပါတီက အကြီးအကဲရာထူးကနေ နုတ်ထွက်တဲ့ အကြောင်း သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့တုန်းက ဖြစ်ပွားခဲ့တဲ့ မြေငလျင်နဲ့ ဆူနာမီရေလှိုင်းဘေးဒဏ် ကြုံရတဲ့ကိစ္စမှာ သူ့အစိုးရရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းလို့ဆိုပြီးတော့ ဝန်ကြီးချုပ်ကို နုတ်ထွက်ပေးဖို့ ဖိအားပေးနေတာကို ခံခဲ့ရတာဖြစ်ပါတယ်။

ဇွန်လတုန်းကတော့ လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းမှုကို အနိုင်ရခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ်က ဘက်ဂျက်အသုံးစာရိတ် ကိစ္စ နှစ်ခုနဲ့ စွမ်းအင်ဆိုင်ရာ ဥပဒေမူကြမ်းတွေ အတည်ပြုပြီးတာနဲ့ နုတ်ထွက်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ နောက်ဆုံးလက်ကျန် ဥပဒေမူကြမ်းနှစ်ခုကို သောကြာနေ့မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

တနင်္လာနေ့မှာ ဒီမိုကရက်ပါတီရဲ့ခေါင်းဆောင်သစ်ကို ရွေးချယ်ပြီးတာနဲ့ ဝန်ကြီးချုပ် ခန် ဟာ ပါတီကရော၊ အစိုးရကပါ တရားဝင် နုတ်ထွက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဥပဒေပြုလွှတ်တော်အမတ်တွေက အကြီးအကဲသစ်ကို ဝန်ကြီးချုပ်အဖြစ်နဲ့ အင်္ဂါနေ့မှာ အစောဆုံးထားပြီးတော့ ရွေးကောက်တင်မြှောက်ဖို့ ရှိပါတယ်။ အဲဒီအခါမှာ ၅ နှစ်အတွင်း ၇ ယောက်မြောက် ဂျပန်ဝန်ကြီးချုပ်သစ် ပေါ်ထွက်လာမှာဖြစ်ပါတယ်။

အခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်နဲ့ နျူကလီးယားအန္တရာယ်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဂျပန်နိုင်ငံမှာ လူမှုရေး၊ စီးပွားရေး စိန်ခေါ်မှု ကြီးကြီးမားမားနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

XS
SM
MD
LG