သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အာဏာရပါတီ လွှတ်တော် ရွေးကောက်ပွဲမှာ အရေးနိမ့်

ဂျပန်နိုင်ငံမှာ ဒီကနေ့ ကျင်းပတဲ့ အထက်လွှတ်တော် ရွေးကောက်ပွဲတွေမှာ မဲရုံထွက်ကောက်ယူတဲ့ စစ်တမ်းတွေအရ ဝန်ကြီးချုပ်သစ် နာအိုတို ခန်း (Naoto Kan) ရဲ့ အာဏာရ ညွန့်ပေါင်းအဖွဲ့ အနေနဲ့ လွှတ်တော်တွင်းမှာ အမတ်နေရာ အများစု ရထားတာကို ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။

ဂျပန် ဒီမိုကရက်တစ်ပါတီ (DPJ) ဟာ သူတို့ခန့်မှန်းထားတဲ့ အမတ်နေရာ အရေအတွက် ၅၄ နေရာထက် လျော့ပြီး အမတ်နေရာ ၅၀ အောက်ကိုပဲ အနိုင်ရမယ်လို့ ဂျပန် သတင်းမီဒီယာတွေက ကောက်ယူတဲ့ စစ်တမ်းတွေကနေ ခန့်မှန်းထားပါတယ်။

ရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေကို တနင်္လာနေ့မှာ သိရမယ်လို့ မျှော်လင့်ထားကြပါတယ်။ အခုထွက်ထားတဲ့ ခန့်မှန်းချက်တွေ အတည်ဖြစ်မယ် ဆိုရင်တော့ အာဏာရ ညွန့်ပေါင်းအဖွဲ့ဟာ အမတ်နေရာ ၂၄၂ နေရာရှိတဲ့ အထက်လွှတ်တော်မှာ လူဦးရေအများစု ရထားတာကို လက်လွှတ်ရတော့မှာပါ။

ရွေးကောက်ပွဲ ရလဒ်က ဘယ်လိုပဲ ထွက်လာထွက်လာ သူ ဝန်ကြီးချုပ်နေရာမှာ ဆက်နေမယ်လို့ ဝန်ကြီးချုပ် နာအိုတို ခန်းက လွှတ်တော်အမတ် တယောက်ကို ပြောတာကို ကိုးကားပြီး တိုကျိုအခြေစိုက် NHK သတင်းဌာနက ကြေညာပါတယ်။

ဝန်ကြီးချုပ်ရဲ့ ဂျပန် ဒီမိုကရက်တစ် ပါတီဟာ သြဇာကြီးတဲ့ အောက်လွှတ်တော်မှာ လွှတ်တော်အမတ်နေရာ အများစုကို ရထားပါတယ်။

This item is part of
XS
SM
MD
LG