သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ် ရေပိုင်နက် လုံခြုံရေး ဂျပန်က သင်္ဘောထောက်ပံ့


A person views the fog shrouded Benjamin Franklin Bridge spanning the Delaware River in Philadelphia, USA.
A person views the fog shrouded Benjamin Franklin Bridge spanning the Delaware River in Philadelphia, USA.

ဗီယက်နမ်နိုင်ငံ ရေကြောင်းလုံခြုံရေး တိုးတက်စေဖို့ကူညီတဲ့ အစီအစဉ်တခုရဲ့ တစိတ်တပိုင်းအဖြစ် အသုံးပြုပြီးသား ရေယာဉ် ခြောက်စင်းကို ဂျပန်က ဗီယက်နမ်နိုင်ငံကို ပေးအပ်မှာဖြစ်ပါတယ်။

ဗီယက်နမ်မှာရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida နဲ့ ဗီယက်နမ် စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး Bui Quang Vinh တို့ သေကြာနေ့က လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ဟာ အမေရိကန်ဒေါ်လာ ၅ သန်းဖိုး လောက်ရှိပါတယ်။ ရေယာဉ်တွေကို ပေးအပ်တာမှာ လေ့ကျင့်ရေးအစီအစဉ်လည်း တွဲဖက်ပါဝင်ပြီး ဗီယက်နမ် ကမ်းခြေစောင့်တပ် နဲ့ ငါးဖမ်းလုပ်ငန်း ကင်းထောက်စောင့်ကြည့်ရေး အထောက်အကူဖြစ်စေမယ့် ကိရိယာတွေ တပ်ဆင်ထားပါတယ်။

ဗီယက်နမ်နဲ့ တရုတ် နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ ပါရာဆဲလ်စ်ကျွန်းစုတွေနားမှာ မေလအစောပိုင်းက တရုတ်တို့ကနေ ရေနံတူးစင်ကြီးတခု သွားချခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံဆက်ဆံရေးဟာ နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်နေချိန်မှာပဲ အခု ဂျပန်က ဗီယက်နမ်ကို အကူအညီပေးတဲ့ကိစ္စ ဖြစ်လာတာပါ။

တောင်တရုတ်ပင်လယ်ရေပြင် အားလုံးနီးပါးကို ပိုင်ဆိုင်တယ်လို့ တရုတ်က ပြောထားတာကြောင့် ဂျပန်နိုင်ငံအပါအဝင် ဒေသတွင်း တခြားနိုင်ငံတွေနဲ့ ပဋိပက္ခဖြစ်တဲ့အခြေအနေ ရောက်နေရပါတယ်။

XS
SM
MD
LG