တနင်္လာနေ့တုန်းက ဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းခြေမှာ ပြင်းထန်တဲ့ငလျင် ထပ်ပြီးတော့ လှုပ်တာကြောင့် ဂျပန်အစိုးရက ဆူနာမီသတိပေးချက်ထုတ်ပြီး အန္တရာယ်ရှိနေတဲ့ နျူကလီးယား စက်ရုံက လုပ်သားတွေကို ကယ်ထုတ်ခဲ့ရပါတယ်။
အဲဒီငလျင်ကြောင့်မို့ လူ ၂ ဦးသေဆုံးပြီး အတော်များများ ဒဏ်ရာရရှိသွားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးသွားခဲ့တဲ့ နျူကလီးယား ဓါတ်ပေါင်းဖိုက လျှပ်စစ်အချို့လည်း ပြတ်တောက်သွားခဲ့ပါတယ်။