သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ကို နိုင်ငံတကာ အထောက်အကူတွေ ဝိုင်းပို့


ဂျပန်ကို နိုင်ငံတကာ အထောက်အကူတွေ ဝိုင်းပို့
ဂျပန်ကို နိုင်ငံတကာ အထောက်အကူတွေ ဝိုင်းပို့

ပြီးခဲ့တဲ့ သီတင်းပတ်က ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ် ခံခဲ့ရတဲ့ ဂျပန်နိုင်ငံကို ကူညီထောက်ပံ့မှုတွေ ပေးဖို့ ကမ္ဘာ့နိုင်ငံ အသီးသီးက ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ အမေရိကန်ကနေ အာဖဂန်နစ္စတန်အထိ ဖြန့်ပြီး ရောက်ရှိနေတဲ့ နိုင်ငံတကာ ကူညီမှု အစီအစဉ်တွေထဲမှာ လုံခြုံရေးတပ်ဖွဲ့၊ အားကစားနဲ့ ထိပ်တန်း နာမည်ကျော် အဆိုတော် လေဒီ ဂါဂါ (Lady Gaga) အပါအဝင် အနုပညာရှင် အဖွဲ့တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံက သဘာဝဘေးကနေ အသက်ရှင် ကျန်သူတွေကို ကယ်ဆယ်နိုင်ဖို့အတွက် စစ်တပ်အဖွဲ့ဝင် ၁၀၀,၀၀၀ တာဝန်ချထားခဲ့ပြီး အဲဒီ ကယ်ဆယ်ရေး လုပ်ငန်းမှာ ပါဝင်ဖို့ အမေရိကန် စစ်သင်္ဘော ၈ စီး ဂျပန်ကမ်းခြေကို ဆိုက်ရောက်လာနေပြီ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ကလည်း ကျွမ်းကျင်သူ ၇၂ ဦး၊ အနံ့ခံခွေးတွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို တင်ပို့လိုက်ပါပြီ။

အလားတူ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ ရုရှား၊ တရုတ်၊ တောင်ကိုရီးယားတို့က အရေးပေါ် အကူအညီတွေ ပေးပို့နေပြီး အိန္ဒိယနိုင်ငံကလည်း ကူညီဖို့ အသင့်အနေအထား ရှိနေပါတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG