သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် ငလျင်ထပ်လှုပ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်


ဂျပန် ငလျင်ထပ်လှုပ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်
ဂျပန် ငလျင်ထပ်လှုပ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်

ဂျပန်နိုင်ငံမှာ ပြင်းအား ၆.၅ ရှိတဲ့ ငလျင် ထပ်မံ လှုပ်သွားခဲ့တဲ့အတွက် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ငလျင်နဲ့ ဆူနာမီ ဖြစ်ပွားပြီး ပျက်စီးသွားခဲ့တဲ့ နျူကလီးယားစက်ရုံမှာ နောက်ဆုံး ရေဒီယို သတ္တိကြွမှု အဆင့်က ပုံမှန်ထက် အဆ ၁၀၀,၀၀၀ မြင့်မားနေတယ်လို့ စက်ရုံ တာဝန်ရှိသူတယောက်က ပြောပါတယ်။ ဒီအဆင့်ဟာ တနင်္ဂနွေနေ့ အစောပိုင်းက ပြောခဲ့တဲ့ အဆင့်ထက် အများကြီး ထိုးကျသွားတာပါ။

ဖူကူးရှီးမား (Fukishima) နျူကလီးယား ဓာတ်အားပေးစက်ရုံရဲ့ နံပါတ် ၂ ဓာတ်ပေါင်းဖိုရှိရာ အဆောက်အဦးထဲက ရေထဲမှာ ရေဒီယို သတ္တိကြွမှု အဆင့် အဆ ၁၀ သန်း မြင့်မားနေတယ်လို့ စောစောက မှားပြီး စက်ရုံတာဝန်ရှိသူတွေက ဖတ်ခဲ့ပြီး နာရီအတော်ကြာမှာ ထပ်မံဖတ်ရှုပြီး ပြောကြားတာ ဖြစ်ပါတယ်။

အဲဒီလို မှားဖတ်ခဲ့တဲ့အတွက်ကြောင့် စက်ရုံ အလုပ်သမားတွေဟာ စက်ရုံကနေ ထွက်ပြေးခဲ့ကြပါတယ်။ စက်ရုံလုပ်သားတွေဟာ အလွန်အကျွံ အန္တရာယ်များလှတဲ့ အခြေအနေမှာ တိကျတဲ့ သတင်းအချက်အလက်တွေ ရရှိအောင် စိတ်ပန်းကိုယ်ပန်းနဲ့ အလုပ်လုပ်နေကြရာက အခုလို မှားဖတ်ခဲ့တာတွေ ဖြစ်ရတာပါလို့ အကြောင်းပြကြပါတယ်။

စက်ရုံနဲ့ မီတာ ၃၀၀ အကွာက ပင်လယ်ရေထဲမှာ ရေဒီယို သတ္တိကြွ အိုင်အိုဒင်း အဆင့်မြင့်မားနေတာကို ရှိဖွေတွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက တနင်္ဂနွေနေ့ စောစောပိုင်းကလည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ သမုဒ္ဒရာထဲမှာ ခုလို ပျော်ဝင်နေတဲ့ ပစ္စည်းတွေက ပျံ့သွားမှာမို့ ရေထဲက သက်ရှိတွေကို ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပင်လယ်စာတွေကလည်း စိတ်ချရပါတယ်လို့ သူတို့က ဆိုပါတယ်။

XS
SM
MD
LG