သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် အင်အားကြီးငလျင် ထပ်လှုပ်ပေမဲ့ ဆူနာမီ သတိပေးချက် ပြန်ရုပ်သိမ်း


ဂျပန် အင်အားကြီးငလျင် ထပ်လှုပ်ပေမဲ့ ဆူနာမီ သတိပေးချက် ပြန်ရုပ်သိမ်း
ဂျပန် အင်အားကြီးငလျင် ထပ်လှုပ်ပေမဲ့ ဆူနာမီ သတိပေးချက် ပြန်ရုပ်သိမ်း

ဂျပန်နိုင်ငံမှာ ကြာသပတေးနေ့ညက အင်အားကောင်းတဲ့ ငလျင် ထပ်မံလှုပ်ခဲ့လို့ လျှပ်စစ်မီးတွေပျက်ပြီး ဂျပန် အရှေ့မြောက်ပိုင်း တလွှားမှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားခဲ့ရပါတယ်။ လှုပ်ပြီး ၂ နာရီ လောက် အကြာမှာတော့ အစိုးရက သတိပေးချက်ကို ရုပ်သိမ်းလိုက်ပေမဲ့ သတိရှိရှိ နေကြဖို့ အဲဒီဒေသမှာ နေထိုင်ကြတဲ့ သူတွေကို သတိပေးထားပါတယ်။

ပျက်စီးပြီးဖြစ်တဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယားစက်ရုံမှာ အရေးပေါ် အခြေအနေ ထပ်မံဖြစ်တယ် လို့ သတင်းမရသလို ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ မကြားသိရကြောင်း တိုကျို လျှပ်စစ်ဓာတ်အား ကုမ္ပဏီ TEPCO က ပြောပါတယ်။

၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်က ဖူကူရှီးမား ဒေသမှာ ဒေသစံတော်ချိန် ည ၁၁ နာရီခွဲက လှုပ်ခဲ့ပြီး စက်ရုံလုပ်သားတွေဟာ ချက်ချင်းပဲ အကာအကွယ်ရမယ့် နေရာတွေမှာ ခိုလှုံခဲ့ကြရပါတယ်။ အန္တရာယ် ကြီးလောက်အောင် အလွန်အကျွံ အပူများနေတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ အေးအောင် နိုက်ထရိုဂျင်နဲ့ ရေကို ပက်သွင်းနေတယ်လို့ ဂျပန်နိုင်ငံ နျူကလီးယား စက်မှုလုပ်ငန်းနဲ့ လုံခြုံရေးဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။

နောက်ဆုံးငလျင်ကြောင့် တခြား နျူကလီးယား စက်ရုံကို ပေးနေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ အပေါ် သက်ရောက်မှု ရှိခဲ့ပေမဲ့ ဂျပန် အရှေ့မြောက်ပိုင်း မီယာဂျီ ခရိုင်မှာရှိတဲ့ အိုနာဂါ၀ (Onagawa) နျူကလီးယား စက်ရုံမှာ ပြဿနာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေတော့ မရရှိပါဘူးလို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

နောက်ဆက်တွဲ ဒီငလျင်ဟာ ပြင်းအား ၇ ရှိပြီးတော့ ပင်လယ်ရေမျက်နှာပြင်အောက် ၂၄ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ဘူမိ လေ့လာရေးဌာနက ဆိုပါတယ်။

ငလျင်လှုပ်တာကို တိုကျိုကနေ တော်တော်ကြီး ပြင်းအားကောင်းကောင်း ခံစားလိုက်ရပါတယ်လို့ အဲဒီမှာရှိတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။

XS
SM
MD
LG