သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား စွန့်ပစ်ရေတွေကြောင့် ဂျပန်စီးပွားရေးလုပ်ငန်းတွေ ခြိမ်းခြောက်ခံရ


Seawater transfer pumps of the Fukushima Daiichi nuclear power plant are seen during a treated water dilution and discharge facility tour for foreign media, in Futaba town, northeastern Japan, Aug. 27, 2023.
Seawater transfer pumps of the Fukushima Daiichi nuclear power plant are seen during a treated water dilution and discharge facility tour for foreign media, in Futaba town, northeastern Japan, Aug. 27, 2023.

ဆူနာမီရေလှိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ ဂျပန်နိုင်ငံက Fukushima နျူကလီးယားဓာတ်အားပေး စက်ရုံက စွန့်ပစ်ရေတွေကို ပင်လယ်ထဲ ဖောက်ချတဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ အငြင်းပွားစရာတွေ ပေါ်ပေါက်နေချိန်မှာပဲ ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေအပေါ် တယ်လီဖုန်းကနေ ခြိမ်းခြောက်မှုတွေ ဆက်တိုက်ထွက်ပေါ်လာပါတယ်။

ဂျပန်အစိုးရကတော့ တရုတ်နိုင်ငံမှာရှိတဲ့ ဂျပန်နိုင်ငံသားတွေ လုံခြုံရေးအတွက် တာဝန်ယူဖို့လည်း တရုတ်အစိုးရကို တောင်းဆိုခဲ့တာပါ။ နျူကလီးယားစက်ရုံက စွန့်ပစ်ရေတွေကို သန့်စင်ထားတာကြောင့် အန္တရာယ်မရှိဘူးလို့ ဂျပန်နိုင်ငံ ပြောဆိုထားပြီး၊ ကုလသမဂ္ဂ အနုမြူစွမ်းအင် အေဂျင်စီကလည်း လက်ခံထားပေမဲ့ တရုတ်အစိုးရကတော့ အပြင်းအထန် ကန့်ကွက်ထားပြီး၊ ပင်လယ်ပြင်ကို ညစ်ညမ်းစေတယ်ဆိုပြီး ဂျပန်နိုင်ငံက ပင်လယ်စာတွေကိုလည်း တင်ပို့ခွင့် ပိတ်လိုက်ပါတယ်။

ဂျပန်အစိုးရကတော့ စွန့်ပစ်ရေတွေဟာ အန္တရာယ်ကင်းရှင်းတဲ့ အဆင့်မှာရှိကြောင်း အချက်အလက်တွေကို ဒီကနေ့ပဲ ထပ်မံထုတ်ပြန်ခဲ့တာပါ။

Fukushima နျူကလီးယားဓာတ်အားပေး စက်ရုံက ရေတွေကို TEPCO က ပင်လယ်ထဲ စတင်ဖောက်ချခဲ့ပြီးနောက် ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစ ဂျပန်နိုင်ငံက စီးပွားရေး လုပ်ငန်းတွေကို တရုတ်နိုင်ငံကနေ တယ်လီဖုန်းကတဆင့် ခြိမ်းခြောက်ပြောဆိုမှုတွေနဲ့ အကြီးအကျယ် ကြုံခဲ့ရပါတယ်။

XS
SM
MD
LG