သုံးရလွယ်ကူစေသည့် Link များ

အငြင်းပွားကျွန်းစု ရုရှဝန်ကြီးသွားရောက်မှု ဂျပန်ကန့်ကွက်


အငြင်းပွားကျွန်းစု ရုရှဝန်ကြီးသွားရောက်မှု ဂျပန်ကန့်ကွက်

ဂျပန်နိုင်ငံမြောက်ဘက် ဟော့ကိုင်းဒိုးကျွန်းအနီးက ဒုတိယကမ္ဘာစစ်ပြီးခါနီး ဆိုဗီယက်ရုရှတပ်တွေ သိမ်းပိုက်ထားတဲ့ ခူရိုင်းကျွန်းစုကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ရုရှကာကွယ်ရေးဝန်ကြီး အနာတိုလီ ဆာဂျူကော့ဖ် သွားရောက်ခဲ့တာကို ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။ ခူရိုင်းကျွန်းစုက ကျွန်းလေးကျွန်းကို ဆိုဗီယက် ရုရှတပ်တွေက သိမ်းပိုက်ခဲ့ပြီးတော့ အခုအချိန်အထိ ဂျပန်ကို ပြန်ပြီးပေးအပ်ဖို့ ငြင်းဆန်နေတာ ဖြစ်ပါတယ်။

စစ်ကြီးပြီးခဲ့တာ ၆၅ နှစ်ရှိခဲ့ပေမဲ့ ခူရိုင်းကျွန်းစုတွေကို သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတာကြောင့် နှစ်နိုင်ငံ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရေး သဘောတူညီချက်ခဲ့ပေမဲ့ အခုအချိန်အထိ မချုပ်ဆိုနိုင်ဘဲ ဖြစ်နေရပါတယ်။ ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျူကော့ဖ်ဟာ ဒီကျွန်းစုတွေထဲက ကျွန်းနှစ်ကျွန်းကို တရားဝင် သွားရောက် လည်ပတ်တာကို အလွန်ပဲ ၀မ်းနည်းမိတယ်လို့ ဂျပန်ဝန်ကြီးချုပ် နာအိုးတိုး ခမ်း က ဒီကနေ့ ပြောဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဆဲဂျိ မအဲဟာရ ဟာ မော်စကိုမြို့တော်ကို သွားရောက်ဖို့ သီတင်းတပတ်အလိုမှာ ရုရှကာကွယ်ရေးဝန်ကြီး ဒီခူရိုင်း ကျွန်းစုကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG