ဂ်ပန္ကုမၸဏီအသစ္ ISpace Inc က လကို ဆင္းသက္မယ့္ အာကာသယာဥ္ကို တနဂၤေႏြေန႔က အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါ ျပည္နယ္ Cape Canaveral ကေန ပစ္လႊတ္လိုက္ပါတယ္။ လြန္ခဲ့တဲ့ ရာစုဝက္အတြင္းမွာ အေမရိကန္၊ ႐ုရွားနဲ႔ တ႐ုတ္တို႔ရဲ႕ အာကာသဌာနေတြက လကို ဆင္းတဲ့ ယာဥ္ေတြ ပစ္လႊတ္ႏိုင္ခဲ့ၾကေပမဲ့၊ ပုဂၢလိက ကုမၸဏီကေတာ့ မလုပ္ႏိုင္ခဲ့ေသးပါဘူး။
အခု ခရီးကို HAKUTO-R မစ္ရွင္လို႔ အမည္ေပးထားၿပီး၊ ဒုံးပ်ံတက္သြားတဲ့အခါမွာ ဂ်ပန္ႏိုင္ငံက ေစာင့္ၾကည့္ေနၾကသူ လူတစ္ရာေလာက္က လက္ခုပ္တီးဟစ္ေအာ္ ေအာင္ပြဲက်င္းပခဲ့ၾကပါတယ္။ လာမယ့္ႏွစ္မွာ လကို ျဖတ္္သန္းမယ့္ SpaceX အာကာသယာဥ္ေပၚမွာ လူရွစ္ဦး လိုက္ပါသြားဖို႔ ေမွ်ာ္လင့္ေၾကာင္း ဂ်ပန္ဘီလီယံနာ သူေဌးႀကီး Yusaku Maezawa က ေသာၾကာေန႔က ေျပာပါတယ္။ HAKUTO ရဲ႕ အဓိပၸါယ္က ယုန္ျဖဴ လို႔ အဓိပၸါယ္ရပါတယ္။ ဂ်ပန္႐ိုးရာ ပုံျပင္ေတြမွာ လကမာၻေပၚမွာ ယုန္ျဖဴရွိၿပီး အာရွျပကၡဒိန္အရ ေရွ႕ႏွစ္ဟာ ယုန္ႏွစ္လည္း ျဖစ္ပါတယ္။
လဆင္း အာကာသယာဥ္ M1 ကိုေတာ့ ဂ်ာမဏီႏိုင္ငံမွာ တပ္ဆင္ခဲ့တာပါ။ ဒီယာဥ္မွာ အေမရိကန္နာဆာရဲ႕ ေလ့လာေရး ၿဂိဳဟ္တုတစ္လုံးကိုလည္း သယ္ေဆာင္သြားၿပီး လကမာၻပတ္လမ္းေၾကာင္းထဲကို ပစ္လႊတ္လိုက္မွာ ျဖစ္ပါတယ္။ ဧၿပီလကုန္ပိုင္းမွာ လေပၚကို ဆင္းသက္မွာ ျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံ JAXA အာကာသဌာနရဲ႕ ေဘ့စ္ေဘာ ေဘာလံုးအ႐ြယ္ ဘီးႏွစ္ဘီးတပ္ စက္႐ုပ္ယာဥ္ငယ္ ၂ စီးနဲ႔ ယူေအအီးႏိုင္ငံရဲ႕ ဘီး ၄ ဘီးတပ္ ရာရွစ္ အမည္ရွိ ယာဥ္ငယ္ကိုလည္း လဆင္း အာကာသယာဥ္ေပၚကေန ခ်ထားေပးမွာ ျဖစ္ပါတယ္။
လကို ပို႔ေပးဖို႔ နာဆာနဲ႔ iSpace ကုမၸဏီတို႔ဟာ ၂၀၂၅ ခုႏွစ္ အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။ ၂၀၄၀ မွာ လူေတြကို လေပၚမွာ အၿမဲတမ္း ထားရွိဖို႔ iSpace က ရည္မွန္းထားတာပါ။
အခုလို ဂ်ပန္ကုမၸဏီတစ္ခုက အေမရိကန္ရဲ႕ ဒုံးပ်ံပစ္လႊတ္ေရး စခန္းကေန လကို ဆင္းမယ့္ အာကာသယာဥ္ငယ္ကို ပစ္လႊတ္ႏိုင္တာဟာ ဂ်ပန္ နဲ႔ အေမရိကန္တို႔ရဲ႕ အာကာသ ပူးေပါင္းေဆာင္႐ြက္မႈ မွတ္တိုင္တစ္တိုင္ကို စိုက္ထူလိုက္တာ ျဖစ္ပါတယ္။
==== Unicode =====
ဂျပန်ကုမ္ပဏီအသစ် ISpace Inc က လကို ဆင်းသက်မယ့် အာကာသယာဉ်ကို တနင်္ဂနွေနေ့က အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ် Cape Canaveral ကနေ ပစ်လွှတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ရာစုဝက်အတွင်းမှာ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ရဲ့ အာကာသဌာနတွေက လကို ဆင်းတဲ့ ယာဉ်တွေ ပစ်လွှတ်နိုင်ခဲ့ကြပေမဲ့၊ ပုဂ္ဂလိက ကုမ္ပဏီကတော့ မလုပ်နိုင်ခဲ့သေးပါဘူး။
အခု ခရီးကို HAKUTO-R မစ်ရှင်လို့ အမည်ပေးထားပြီး၊ ဒုံးပျံတက်သွားတဲ့အခါမှာ ဂျပန်နိုင်ငံက စောင့်ကြည့်နေကြသူ လူတစ်ရာလောက်က လက်ခုပ်တီးဟစ်အော် အောင်ပွဲကျင်းပခဲ့ကြပါတယ်။ လာမယ့်နှစ်မှာ လကို ဖြတ်သန်းမယ့် SpaceX အာကာသယာဉ်ပေါ်မှာ လူရှစ်ဦး လိုက်ပါသွားဖို့ မျှော်လင့်ကြောင်း ဂျပန်ဘီလီယံနာ သူဌေးကြီး Yusaku Maezawa က သောကြာနေ့က ပြောပါတယ်။ HAKUTO ရဲ့ အဓိပ္ပါယ်က ယုန်ဖြူ လို့ အဓိပ္ပါယ်ရပါတယ်။ ဂျပန်ရိုးရာ ပုံပြင်တွေမှာ လကမ္ဘာပေါ်မှာ ယုန်ဖြူရှိပြီး အာရှပြက္ခဒိန်အရ ရှေ့နှစ်ဟာ ယုန်နှစ်လည်း ဖြစ်ပါတယ်။
လဆင်း အာကာသယာဉ် M1 ကိုတော့ ဂျာမဏီနိုင်ငံမှာ တပ်ဆင်ခဲ့တာပါ။ ဒီယာဉ်မှာ အမေရိကန်နာဆာရဲ့ လေ့လာရေး ဂြိုဟ်တုတစ်လုံးကိုလည်း သယ်ဆောင်သွားပြီး လကမ္ဘာပတ်လမ်းကြောင်းထဲကို ပစ်လွှတ်လိုက်မှာ ဖြစ်ပါတယ်။ ဧပြီလကုန်ပိုင်းမှာ လပေါ်ကို ဆင်းသက်မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ JAXA အာကာသဌာနရဲ့ ဘေ့စ်ဘော ဘောလုံးအရွယ် ဘီးနှစ်ဘီးတပ် စက်ရုပ်ယာဉ်ငယ် ၂ စီးနဲ့ ယူအေအီးနိုင်ငံရဲ့ ဘီး ၄ ဘီးတပ် ရာရှစ် အမည်ရှိ ယာဉ်ငယ်ကိုလည်း လဆင်း အာကာသယာဉ်ပေါ်ကနေ ချထားပေးမှာ ဖြစ်ပါတယ်။
လကို ပို့ပေးဖို့ နာဆာနဲ့ iSpace ကုမ္ပဏီတို့ဟာ ၂၀၂၅ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ ၂၀၄၀ မှာ လူတွေကို လပေါ်မှာ အမြဲတမ်း ထားရှိဖို့ iSpace က ရည်မှန်းထားတာပါ။
အခုလို ဂျပန်ကုမ္ပဏီတစ်ခုက အမေရိကန်ရဲ့ ဒုံးပျံပစ်လွှတ်ရေး စခန်းကနေ လကို ဆင်းမယ့် အာကာသယာဉ်ငယ်ကို ပစ်လွှတ်နိုင်တာဟာ ဂျပန် နဲ့ အမေရိကန်တို့ရဲ့ အာကာသ ပူးပေါင်းဆောင်ရွက်မှု မှတ်တိုင်တစ်တိုင်ကို စိုက်ထူလိုက်တာ ဖြစ်ပါတယ်။