သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ် ကိရှိဒ မဲဆွယ်လှုပ်ရှားနေချိန် တိုက်ခိုက်ခံရ


Explosion heard near Japanese PM Kishida's outdoor speech, in Saikazaki, Wakayama Prefecture
Explosion heard near Japanese PM Kishida's outdoor speech, in Saikazaki, Wakayama Prefecture

ဂျပန်ဝန်ကြီးချုပ် Funio Kishida မဲဆွယ် မိန့်ခွန်းပြောမယ့်နေရာကို အမျိုးသားတဦးက ပေါက်ကွဲစေတဲ့ အရာတခုဝတ္ထုနဲ့ လှမ်းပစ် တိုက်ခိုက်ခဲ့တာကြောင့် ဝန်ကြီချုပ် Kishida ကို နေရာက ကယ်ထုတ်ခဲ့ရပါတယ်။ လာမယ့် တနင်္ဂနွေ ဧပြီ ၂၃ ရက်မှာ လုပ်မယ့် အောက်လွှတ်တော် ရွေးကောက်ပွဲအတွက် နိုင်ငံမြောက်ပိုင်း Wakayama မြို့မှာ အာဏာရပါတီ ကိုယ်စားလှယ်ဘက်ကနေ ထောက်ခံ မဲဆွယ်ဖို့ စီစဉ်ထားတဲ့နေရာမှာ အခုလို တိုက်ခိုက်ခံရတာပါ။

ဂျပန်ဝန်ကြီးချုပ်နဲ့ မလှမ်းမကမ်းကို မီးခိုးဗုံးလာကျချိန်မှာ ရဲတွေက ချက်ချင်းဖယ်ထုတ်လိုက်ပြီး ဝန်ကြီးချုပ်ကိုလည်း အမြန်ဆွဲထုတ်သွားခဲ့ပါတယ်။ အဲ့ဒီနောက် တိုက်ခိုက်သူလို့ ယူဆရတဲ့ အနက်ရောင် ခေါင်းစွပ်ပါတဲ့ အင်္ကျီဝတ်ထားတဲ့ လူငယ်အမျိုးသားကို ဂျပန်ရဲတွေက ဝင်လုံးပြီး ဖမ်းဆီးလိုက်တာကို မှတ်တမ်းဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။ လူတွေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြပေမဲ့ လောလောဆယ် ဒဏ်ရာရတဲ့သတင်းတော့ မတွေ့ရသေးပါဘူး။ သံသယရှိသူကို ဖမ်းဆီးထားတဲ့ အကြောင်း ရဲက ပြောပေမဲ့ ဘာကြောင့် အခုလို တိုက်ခိုက်ရတာလဲ ဆိုတာကိုတော့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၈ လတုန်းကလည်း အလားတူ မဲဆွယ်စည်းရုံးရေး လုပ်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe ကို သေနတ်သမားတဦးက လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရတာပါ။ အကြမ်းဖက် ပစ်ခတ်မှုတွေ အရင်ကဖြစ်လေ့ မရှိတဲ့ ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း အာဘေး လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာအပြင် အခု နောက်တကြိမ် ထပ်မံကြုံရတာကြောင့် အများပြည်သူကြား စိုးရိမ်မှုတွေ ပိုဖြစ်လာစေပါတယ်။

==== Unicode ====




XS
SM
MD
LG