သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဆေးပညာနိုဘဲလ်ဆု ဂျပန်သိပ္ပံပညာရှင် ရရှိ


ဂျပန် သိပ္ပံပညာရှင် Yoshinori Ohsumi

ဂျပန် သိပ္ပံပညာရှင် Yoshinori Ohsumi ကို ၂၀၁၆ ခုနှစ် ဆေးပညာဆိုင်ရာ နိုဘဲလ်ဆုရှင် အဖြစ် ရွေးချယ်ခံရပါတယ်။ ဆဲလ်တွေ ဘယ်လို ပြိုကွဲပြီး ဘယ်လို ပြန်လည် ဖွဲ့စည်းသလဲ ဆိုတာနဲ့ ပတ်သက်တဲ့ Autophaygy စနစ်ကို ရှာဖွေ တွေ့ရှိခဲ့မှု အတွက် ချီးမြှင့်တာ ဖြစ်ပါတယ်။

Autophagy ကို ရှာဖွေတွေ့ရှိတာကြောင့် ကင်ဆာ၊ ခြေတုန် လက်တုန် ပါကင်ဆန် ရောဂါနဲ့ ဆီးချို ရောဂါတွေကို ပိုပြီး နားလည်လာစေဖို့ လမ်းပွင့်သွားစေတယ်လို့ နိုဘဲလ်ဆု ရွေးချယ်ရေး ကော်မတီက ကြေညာချက်မှာ ဖော်ပြပါတယ်။

ဆေးပညာဆိုင်ရာ နိုဘဲလ်ဆု အနေနဲ့ကတော့ ဒေါ်လာ ၉ သိန်း ၃ သောင်း ချီးမြှင့်မှာ ဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။ Autophagy ကို သိရှိခဲ့တာ နှစ်ပေါင်း ၅၀ ကျော် ကြာခဲ့ပြီ ဖြစ်ပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်တွေ အတွင်းမှာ Yoshinori Ohsumi ရဲ့ သုတေသန အပြီးမှာမှ ကုသရေးနဲ့ ဆေးပညာ အတွက် သိပ်ကို အရေးပါတယ်ဆိုတာကို လက်ခံ အသိအမှတ် ပြုခဲ့ကြတာ ဖြစ်တယ်လို့ နိုဘဲလ် ဆေးပညာဆိုင်ရာ ဆုကို တာဝန်ယူ ရွေးချယ်ရတဲ့ Karolinska Institute က ပြောဆိုပါတယ်။

နှစ်စဉ် နိုဘဲလ် ဆု ရွေးချယ် ချီးမြှင့်တဲ့ အစီအစဉ်မှာ ကုသရေး ဒါမှမဟုတ်လည်း ဆေးပညာဆိုင်ရာ နိုဘဲလ် ဆုကို ပထမဆုံး ရွေးချယ် ကြေညာတာ ဖြစ်ပါတယ်။ ဆေးပညာဆိုင်ရာ နိုဘဲလ်ဆု ချီးမြှင့်ခံရတဲ့ အသက် ၇၁ နှစ် အရွယ် Ohsumi ကတော့ တိုကျိုနည်းပညာဆိုင်ရာ တက္ကသိုလ်က ပါမောက္ခ ဖြစ်ပါတယ်။ နိုဘဲလ်ဆု ချီးမြှင့်ခံရတာထက် ကြီးမြတ်တဲ့ ဂုဏ်ပြုမှု မရှိတော့ဘူးလို့လည်း ပါမောက္ခ Ohsumi က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ ရူပဗေဒ၊ ဓာတုဗေဒ၊ ငြိမ်းချမ်းရေး၊ စီးပွားရေးနဲ့ စာပေဆိုင်ရာ နိုဘဲလ်ဆုတွေကိုတော့ ဒီသတင်းပတ် နဲ့ နောက်သတင်းပတ်တွေမှာ ကြေညာမှာ ဖြစ်ပါတယ်။

ဆေးပညာနိုဘဲလ်ဆု ဂျပန်သိပ္ပံပညာရှင် ရရှိ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG