သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN ကို တရုတ်နဲ့ ဂျပန် အပြိုင် ချဉ်းကပ်


အသင်းဝင် ၁၀ နိုင်ငံ ပါဝင်တဲ့ အရှေ့တောင် အာရှနိုင်ငံများအသင်း ASEAN ။
အသင်းဝင် ၁၀ နိုင်ငံ ပါဝင်တဲ့ အရှေ့တောင် အာရှနိုင်ငံများအသင်း ASEAN ။

အသင်းဝင် ၁၀ နိုင်ငံ ပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN မှာ တရုတ်နိုင်ငံက သူ့ရဲ့အခန်းကဏ္ဍကို မြှင့်တင်နေချိန်မှာပဲ - အရှေ့တောင်အာရှမှာ စီးပွား ဖွံ့ဖြိုးတိုးတက်အောင် ကာလရှည်ကြာ ပံ့ပိုးကူညီလာခဲ့တဲ့ ဂျပန်နိုင်ငံကလည်း - ဒေသတွင်း ဆက်ဆံရေးတွေကို တိုးမြှင့်လာနေပါတယ်။

အရှေ့တောင်အာရှ လုံခြုံရေးဆွေးနွေးပွဲတွေမှာ ဂျပန်နိုင်ငံက သူ့ရဲ့အခန်းကဏ္ဍကို တိုးမြှင့်လာနေပြီး၊ အထူးသဖြင့် တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေမှာ အင်အားမသုံးဘဲ၊ တရားဥပဒေနဲ့အညီ ပြေလည်မှုရအောင်လုပ်ဖို့ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

ဒီသီတင်းပတ်အစောပိုင်းမှာ - ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲနိုင်ငံတွေမှာ အခြေခံအဆောက်အအုံ လုပ်ငန်းတွေ တိုးမြှင့်သွားမယ့် ၆.၈ ဘီလီယံဒေါ်လာ ကုန်ကျမယ့် ၃ နှစ်တာ စီမံကိန်းကိုလည်း ဂျပန်က ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံအပါအဝင် အာရှခရီးထွက်ခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီအို ကီရှီဒါး ကတော့၊ ဂျပန်-မဲခေါင် ဆက်သွယ်ရေး အစပျိုး စီမံကိန်းဟာ လမ်းတံတားနဲ့ ရထားလမ်းဆက်သွယ်မှု ကွန်ယက်တွေ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ မဲခေါင်မြစ်ဝှမ်းဒေသကို အထောက်အပံ့ပေးနိုင်မယ့် အခြေခံအဆောက်အအုံတွေ တိုးတက်အောင် ကြိုးပမ်းမှုတွေအတွက် အခြေခံလုပ်ငန်းစဉ်တရပ် ဖန်တီးနိုင်ဖို့ ရည်ရွယ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG