သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်အာရှ Stealth တိုက်လေယာဉ် ပိုင်ဆိုင်မှုပြိုင်


မြောက်အာရှ Stealth တိုက်လေယာဉ် ပိုင်ဆိုင်မှုပြိုင်
မြောက်အာရှ Stealth တိုက်လေယာဉ် ပိုင်ဆိုင်မှုပြိုင်

အရှေ့မြောက်အာရှ ၃ နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့ဟာ ရေဒါနဲ့ ဖမ်းယူလို့ မရနိုင်တဲ့၊ တကမ္ဘာလုံးကိုလည်း နောက်ထပ် လောင်စာဆီ မဖြည့်ဘဲ ပျံသန်းနိုင်တဲ့ ဗျူဟာမြောက် အမေရိကန် ဗုံးကျဲ တိုက်လေယာဉ်ကြီး Stealth အမျိုးအစား တိုက်လေယာဉ်တွေကို ပိုင်ဆိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတယ်လို့ ဂျပန် ဒုတိယ ဗိုလ်ချုပ်ကြီး ဟိဒဲယူကီ ယိုရှီအိုကာ (Hideyuki Yoshioka) က ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံထဲမှာ တည်ဆောက်တဲ့ Stealth လေယာဉ်ကို တုပထားတဲ့ J-20 တိုက်လေယာဉ်တွေကို ပြီးခဲ့တဲ့နှစ်က တရုတ်က ထုတ်ဖော် ပြသခဲ့တာကြောင့် ဒီ ၃ နိုင်ငံလုံးဟာ ရေဒါနဲ့ မဖမ်းနိုင်တဲ့ မျိုးဆက်သစ် Stealth လိုမျိုး ဗျူဟာမြောက် လေယာဉ်ကြီးတွေ ပိုင်ဆိုင်ဖို့ ဖြစ်လာရတာလို့ ဗိုလ်ချုပ်ကြီး ယိုရှီအိုကာက ဆိုပါတယ်။

ရုရှားကလည်း Stealth လို ရေဒါနဲ့ မဖမ်းနိုင်တဲ့ Sukhoi T-50 အမျိုးအစား ဂျက်တိုက်လေယာဉ်တွေကို ထုတ်လုပ်ခဲ့တာ တနှစ်ကျော်လာခဲ့ပါပြီ။

ဂျပန်က Shinshin ATD-X ဂျက်တိုက်လေယာဉ်တွေကို ၃ နှစ်အတွင်းမှာ ပိုင်ဆိုင်ဖို့ ကြိုးစားနေသလို တောင်ကိုရီးယားကလည်း အမေရိကန်လုပ် Semi-Stealth Fighter Bomber လို့ လူသိများတဲ့ Boeing F-15 Silent Eagle သို့မဟုတ် Lockheed-Martin က ထုတ်လုပ်တဲ့ F-35A Lighting II လေယာဉ်တွေကို အစင်းရေ ၆၀၊ စုစုပေါင်း ဒေါ်လာ သန်း ၁၁,၀၀၀ ဖိုးအထိ ဝယ်ယူဖို့ အမေရိကန်ကို ချဉ်းကပ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG