သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသရောက် ဂျပန်စက်ရုပ် ကမ္ဘာမြေကို နှုတ်ဆက်

Humanoid communication robot Kirobo (ဂျပန်စကားပြောစက်ရုပ်လေး Kirobo)
Humanoid communication robot Kirobo (ဂျပန်စကားပြောစက်ရုပ်လေး Kirobo)
အာကာသထဲရောက်နေတဲ့ ဂျပန်စက်ရုပ် အာကာသယဉ်မှုးက ကမ္ဘာသူ ကမ္ဘာသားတွေကို နှုတ်ဆက်လိုက်ပါတယ်။ ဒီလဆန်းပိုင်းမှာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို ရောက်သွားတဲ့ စက်ရုပ်အာကာသယာဉ်မှုး Kiboro က ပထမဆုံး ကမ္ဘာကြီးကို ဆက်သွယ်ပြောကြားတဲ့ နှုတ်ဆက် Video ကို အာကာသ တာဝန်ရှိသူတွေက ဒီကနေ့ ကြာသပတေးနေ့ မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်၊ လကမ္ဘာပေါ်ကို ပထမဆုံးရောက်ခဲ့တဲ့ အာကာသယာဉ်မှုး Neil Armstrong ပြောခဲ့တဲ့ စကားကို အတုယူပြီး ၂၀၁၃ August လ ၂၁ ရက်နေ့မှာ စက်ရုပ်တရုပ်က အားလုံးအတွက် တောက်ပတဲ့ အနာဂါတ် ဆီ ခြေလှမ်းသေးလေးတခု လှမ်းနိုင်ခဲ့ပြီလို့ စက်ရုပ် အာကာသယာဉ်မှုး Kiboro ကပြောခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို ထိန်းချုပ် ကွပ်ကဲနေတဲ့ ဂျပန် အာကာသ စူးစမ်းရေးအေဂျင်စီက ဂျပန်အာကာသယာဉ်မှုးရဲ့ နှုတ်နဲ့ ညွှန်ကြားချက်တွေ ကိုရော မြေပြင်က အဝေးထိန်း ညွှန်ကြားချက်တွေနဲ့ပါ စက်ရုပ်အာကာသယဉ်မှုး Kiboro ကို စမ်းသပ် ညွှန်ကြားမှာဖြစ်ပါတယ်၊ သူ့ကို ဂျပန်ဘာသာ စကားနဲ့ပဲ ပြောကြားလို့ရမှာဖြစ်ပါတယ်။ ၁၃ လက်မကျော်ကျော် အမြင့်ရှိပြီး အလေးချိန် ၂ ပေါင်ကျော်သာရှိတဲ့ ဂျပန် စက်ရုပ် အာကာသယာဉ်မှုးဟာ ရှေ့နှစ် ဒီဇင်ဘာလကျမှ ကမ္ဘာမြေကို ပြန်ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။
This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG