ဂျပန်နိုင်ငံ အိုကီနာဝါ တောင်ပိုင်းဒေသ တလျှောက်မှာ မီးတွေပျက်ပြီး ဒါဇင်နဲ့ ချီတဲ့လူတွေကို ဒဏ်ရာစေခဲ့တဲ့ အားပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်း Jelawat ဟာ အခု ဂျပန် ကုန်းတွင်းပိုင်း ကို အင်အားပြင်းထန်စွာနဲ့ ဝင်ရောက် တိုက်ခတ် နေပါတယ်။
တနင်္ဂနွေနေ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်မှာ ပြင်းအား တနာရီကို မိုင် ၆၀ ကျော်နှုန်းနဲ့ တိုက်ခတ်နေပြီး မြောက်ဘက်ကို ဆက်လက် ရွေ့လျား နေတာမို့ တိုကျိုမြို့တော်ကို ဖြတ်သွားမယ် လို့ မျှော်လင့်ရပါတယ်။
အိုကီနာဝါကို မုန်တိုင်း ဖြတ်သန်းနေချိန်မှာ မုန်တိုင်းဒဏ်ကြောင့် အမျိုးသားတဦး ပင်လယ်ထဲ မျောပါ သွားခဲ့သလို လူပေါင်း ၁၄၀ ကျော် လောက်လည်း ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ဂျပန် NHK သတင်း မှာ ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံ အလယ်ပိုင်းက နာဂိုရာ (Nagoya) မြို့မှာ ရေလွှမ်းမိုးမယ့် အန္တရာယ် ရှိနေတာမို့ ဒေသခံ ၅ သောင်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ မီးမရဘဲ နေနေရပါတယ်။
တိုင်ဖွန်းမုန်တိုင်း Jelawat ဟာ တနင်္လာနေ့ အစောပိုင်းမှာတော့ ပစိဖိတ် သမုဒ္ဒရာထဲကို ဦးတည်ရွေ့သွားဖို့ ရှိပြီး ကုန်းတွင်းပိုင်းက မထွက်ခင်မှာ ဂျပန်နိုင်ငံ မြောက်ပိုင်းဒေသကို ဖြတ်သန်းသွားဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။