သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံ စစ်အသုံးစရိတ် ၅ ရာခိုင်နှုန်းတိုးမြှင့်


ဂျပန်နိုင်ငံဟာ ကာကွယ်ရေးအသုံးစရိတ် ၅ ရာခိုင်နှုန်း တိုးမြှင့်ပြီး ဒေသတွင်း ကာကွယ်ရေးမှာ သူ့တပ်ဖွဲ့တွေကို ပိုမို တာဝန်ယူစေဖို့ ကာကွယ်ရေးအစီအစဉ်သစ်တွေ ချမှတ်လိုက်ပါတယ်။

အင်္ဂါနေ့က အစိုးရအဖွဲ့ အတည်ပြုလိုက်တဲ့ အမျိုးသား လုံခြုံရေး မဟာဗျူဟာနဲ့ ကာကွယ်ရေးလမ်းညွှန်ချက်တွေဟာ ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံရဲ့ စစ်အင်အားကို တစိတ်တဒေသ တုံ့ပြန်ဆောင်ရွက်တာဖြစ်တယ်လို့ ယူဆစရာဖြစ်ပါတယ်။

ဒီအစီအစဉ်တွေဟာ ဂျပန်နိုင်ငံရဲ့ ငြိမ်းချမ်းရေး အခြေပြု ဖွဲ့စည်းပုံကို ပြန်ပြင်လိုတဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ မေတ္တာရပ်ခံချက်အရ ရေးဆွဲခဲ့တဲ့ အစီအစဉ်တွေဖြစ်ပြီး ဒါဟာ “Proactive Peace Policy” - ကြိုတင်ဖန်တီးငြိမ်းချမ်းရေးဝါဒနဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။

၂၀၁၄ ကနေ ၂၀၁၉ အထိကာလအတွင်း ကာကွယ်ရေးအသုံးစရိတ် ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားပြီး ထောက်လှမ်းရေး Drone လေယာဉ်တွေ၊ ရေငုပ်သင်္ဘောတွေ၊ ဂျက် တိုက်လေယာဉ်တွေ၊ ကုန်းရောရေပါ သွားလာနိုင်တဲ့ စစ်သုံးယာဉ်တွေအပါအဝင် စုစုပေါင်း ဒေါ်လာ ၂ သိန်းခွဲနီးပါးကို ဝယ်ယူသွားမှာဖြစ်ပါတယ်။
XS
SM
MD
LG