သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ရောက် အမေရိကန် နိုင်ငံသားတွေကို ဘေးကင်းရာ ပြောင်းရွှေ့မှု စတင်


ဂျပန်ရောက် အမေရိကန် နိုင်ငံသားတွေကို ဘေးကင်းရာ ပြောင်းရွှေ့မှု စတင်
ဂျပန်ရောက် အမေရိကန် နိုင်ငံသားတွေကို ဘေးကင်းရာ ပြောင်းရွှေ့မှု စတင်

ဂျပန်မှာ ရောက်နေတဲ့ မိမိတို့ နိုင်ငံသားတွေကို သက်ဆိုင်ရာ အစိုးရ အသီးသီးက ပြန်ခေါ်နေကြသလိုပဲ အမေရိကန်ကလည်း ပထမအသုတ် ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဝန်ထမ်းမိသားစု အများစုပါတဲ့ လူ ၁၀၀ နီးပါးကို ထိုင်ဝမ်နိုင်ငံကို ထွက်ခွာမယ့် လေယာဉ်နဲ့ ပထမအသုတ် ပို့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဒုတိယအသုတ်ကို ဒီကနေ့ သောကြာနေ့မှာ ခေါ်ယူဖို့ စီစဉ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်ခ် ကဲန်နဒီက ပြောပါတယ်။

အကြီးအကျယ် ထိခိုက်ပျက်စီးလာနေတဲ့ ဖူကူရှီးမားဒေသက ဒိုင်အိချိ နျူကလီးယား ဓာတ်အားပေး စက်ရုံကနေ အနည်းဆုံး မိုင် ၅၀ အကွာမှာပဲ နေကြဖို့လည်း အမေရိကန် ပြည်ထောင်စုက သတိပေးထားပါတယ်။

ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည် ပြန့်လွင့်မှု အန္တရာယ် ကင်းလွတ်ရာ ရွှေ့ပြောင်းဖို့ ဂျပန်နိုင်ငံက အကွာအဝေး သတ်မှတ်ချက်ထက် အမေရိကန်က သတ်မှတ်ချက် ပိုများနေတာနဲ့ ပတ်သက်လို့ ဒါဟာ သိပ္ပံနည်းကျ တွက်ချက်ထားတဲ့ ရွှေ့ပြောင်းမှု ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

ဗြိတိန်၊ တရုတ်နဲ့ ပြင်သစ်နိုင်ငံတွေကလည်း မိမိတို့ရဲ့ ပြည်သူတွေကို ဂျပန်နိုင်ငံကနေ ထွက်ခွာနိုင်ဖို့ စီစဉ်ပေးနေပါတယ်။

လောင်စာဆီ၊ လျှပ်စစ်ဓာတ်အား ပြတ်လပ်မှုနဲ့ အအေးလွန်ကဲတဲ့ ရာသီကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးနေရပြီး ငလျင်နဲ့ ဆူနာမီလှိုင်းဒဏ် ခံထားရတဲ့ ဒုက္ခသည်တွေကို အသက်ရှင်လျက် ကယ်တင်နိုင်ဖို့ အခွင့်အလမ်းတွေလည်း နည်းပါးလာနေပါတယ်။

မနေ့က ကြာသပတေးနေ့မှာတော့ သေဆုံးသူ စုစုပေါင်း ၅,၃၀၀ နဲ့ ပျောက်ဆုံးသူ ၉,၃၀၀ ရှိကြောင်း ဂျပန်နိုင်ငံ ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

XS
SM
MD
LG