(Zawgyi / Unicode)
ဂ်ပန္ႏုိင္ငံက လိုအပ္ေနတဲ့ ေလာင္စာဆီသယ္ေဆာင္ရာမွာ တင္းမာမႈေတြရွိေပမယ့္ မသုံးမျဖစ္သုံးရမယ့္ အေရွ႕အလယ္ပိုင္း ေရေၾကာင္းလမ္း လုံၿခဳံေရးအတြက္ ေစာင့္ေရွာက္ဖုိ႔ ဂ်ပန္ႏိုင္ငံက စစ္သေဘၤာတစင္းကို ေစလႊတ္လိုက္ပါတယ္။
Takanami အမည္ရွိတဲ့ ရဟတ္ယာဥ္ဖ်က္ စစ္သေဘၤာဟာ ေဖေဖာ္ဝါရီ ၂ ရက္ေန႔က တိုက်ဳိၿမဳိ႕နား ဆိပ္ကမ္းတခုကေန ထြက္ခြာသြားပါတယ္။
အိုမန္ပင္လယ္ေကြ႔ကိုျဖတ္မယ့္ ဂ်ပန္ကုန္တင္သေဘၤာေတြနဲ႔ ဆီတင္သေဘာၤေတြကို ေစာင့္ေရွာက္ဖို႔ တာဝန္ေပးထားပါတယ္။ ဂ်ပန္ရဲ႕ ေလာင္စာဆီ ၉၀ ရာခုိင္ႏႈန္းဟာ အဲဒီေနရာကျဖတ္ၿပီး သယ္ယူေနတာပါ။
တပ္ဖြဲ႔ဝင္ ၂၀၀ ပါတဲ့ Takanami ဖ်က္သေဘၤာဟာ P-3C အမ်ဳိးအစား ပင္လယ္ျပင္ကင္းလွည့္ ေလယာဥ္နဲ႔အတူ သူ႔ႏိုင္ငံက သေဘၤာေတြကို ဂ်ပန္ဆိပ္ကမ္းေတြဆီအေရာက္ ေစာင့္ေရွာက္ပို႔ေဆာင္ေပးလိမ့္မယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။
သေဘၤာေတြ အႏၱရာယ္က်ေရာက္ေနခ်ိန္မွာ အကာအကြယ္ေပးႏိုင္ဖို႔ လုပ္ပုိင္ခြင့္ ေပးအပ္ထားၿပီျဖစ္ေၾကာင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ Shinzo Abe က ေျပာပါတယ္။
ဒုတိယကမၻာစစ္မွာ စစ္႐ႈံးခဲ့တဲ့ ဂ်ပန္ႏုိင္ငံကို ႏိုင္ငံေတြၾကား အျငင္းပြားမႈမွာ စစ္အင္အား အသုံးခ်ခြင့္မျပဳဖို႔ တားျမစ္ထားၿပီး ဂ်ပန္က ခုလို စစ္သေဘၤာေစလႊတ္တဲ့ လုပ္ရပ္က အျငင္းပြားစရာ ျဖစ္ေနပါတယ္။
အခုလို ဂ်ပန္စစ္သေဘၤာ ေစလႊတ္တာဟာ အဲဒီေဒသတြင္း အေမရိကန္နဲ႔ ဥေရာပသမဂၢႏိုင္ငံေတြ အပါအဝင္ ႏိုင္ငံတကာတပ္ဖြဲ႔ေတြနဲ႔ မပတ္သက္ဘူးလို႔လည္း ဆိုပါတယ္။
-----------------------------
(Unicode)
ဂျပန်စစ်သင်္ဘော အရှေ့အလယ်ပိုင်းကို စေလွှတ်
ဂျပန်နိုင်ငံက လိုအပ်နေတဲ့ လောင်စာဆီသယ်ဆောင်ရာမှာ တင်းမာမှုတွေရှိပေမယ့် မသုံးမဖြစ်သုံးရမယ့် အရှေ့အလယ်ပိုင်း ရေကြောင်းလမ်း လုံခြုံရေးအတွက် စောင့်ရှောက်ဖို့ ဂျပန်နိုင်ငံက စစ်သင်္ဘောတစင်းကို စေလွှတ်လိုက်ပါတယ်။
Takanami အမည်ရှိတဲ့ ရဟတ်ယာဉ်ဖျက် စစ်သင်္ဘောဟာ ဖေဖော်ဝါရီ ၂ ရက်နေ့က တိုကျိုမြို့နား ဆိပ်ကမ်းတခုကနေ ထွက်ခွာသွားပါတယ်။
အိုမန်ပင်လယ်ကွေ့ကိုဖြတ်မယ့် ဂျပန်ကုန်တင်သင်္ဘောတွေနဲ့ ဆီတင်သဘောၤတွေကို စောင့်ရှောက်ဖို့ တာဝန်ပေးထားပါတယ်။ ဂျပန်ရဲ့ လောင်စာဆီ ၉၀ ရာခိုင်နှုန်းဟာ အဲဒီနေရာကဖြတ်ပြီး သယ်ယူနေတာပါ။
တပ်ဖွဲ့ဝင် ၂၀၀ ပါတဲ့ Takanami ဖျက်သင်္ဘောဟာ P-3C အမျိုးအစား ပင်လယ်ပြင်ကင်းလှည့် လေယာဉ်နဲ့အတူ သူ့နိုင်ငံက သင်္ဘောတွေကို ဂျပန်ဆိပ်ကမ်းတွေဆီအရောက် စောင့်ရှောက်ပို့ဆောင်ပေးလိမ့်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သင်္ဘောတွေ အန္တရာယ်ကျရောက်နေချိန်မှာ အကာအကွယ်ပေးနိုင်ဖို့ လုပ်ပိုင်ခွင့် ပေးအပ်ထားပြီဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ပြောပါတယ်။
ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးခဲ့တဲ့ ဂျပန်နိုင်ငံကို နိုင်ငံတွေကြား အငြင်းပွားမှုမှာ စစ်အင်အား အသုံးချခွင့်မပြုဖို့ တားမြစ်ထားပြီး ဂျပန်က ခုလို စစ်သင်္ဘောစေလွှတ်တဲ့ လုပ်ရပ်က အငြင်းပွားစရာ ဖြစ်နေပါတယ်။
အခုလို ဂျပန်စစ်သင်္ဘော စေလွှတ်တာဟာ အဲဒီဒေသတွင်း အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေ အပါအဝင် နိုင်ငံတကာတပ်ဖွဲ့တွေနဲ့ မပတ်သက်ဘူးလို့လည်း ဆိုပါတယ်။