သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လျှပ်စစ်လုပ်ငန်း ဂျပန် ယန်း ၂၄ ဘီလီယံချေးမည်


သမ္မတဦးသိန်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida အား နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့စဉ်။ (မတ်လ ၂၄၊ ၂၀၁၄)
သမ္မတဦးသိန်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida အား နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့စဉ်။ (မတ်လ ၂၄၊ ၂၀၁၄)
မြန်မာနိုင်ငံက လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးတဲ့ကြိုးလိုင်းတွေ တည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံက ယန်း ၂၄ ဘီလီယံ ထပ်မံ ချေးငှားပေးမယ့်အကြောင်း သမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံတဲ့အချိန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ရထားပို့ဆောင်ရေးလုပ်ငန်းကို စောင့်ကြည့်တဲ့စနစ်နဲ့ အဆင့်မြင့် ဆေးပညာပိုင်းဆိုင်ရာ ကိရိယာတွေ တပ်ဆင်ဖို့အတွက်လည်း ယန်း ၈ ဘီလီယံ ချေးငှားမယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီး ကီရှီးဒါးက ပြောပါတယ်။ တနင်္ဂနွေက မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ နိုင်ငံခြားရေး ဝန်ကြီး Kishida ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ ဝန်ကြီးချုပ် ရှင်ဇို အာဘေးအစိုးရတက်လာပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး၊ မြန်မာ့စီးပွားရေး ဈေးကွက်ထဲကို ဥရောပ၊ အမေရိကန်၊ တရုတ်နိုင်ငံတို့နဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်ရေးတို့အတွက် ဂျပန်အစိုးရက ယန်းငွေ ၁၆၀ ဘီလီယံနဲ့ညီမျှတဲ့ အကူအညီတွေလည်း ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံထဲမှာ ကျဆုံးသွားခဲ့တဲ့ ဂျပန်စစ်သားတွေ ပြန်လည် ရှာဖွေရေးလုပ်ငန်းတွေမှာလည်း မြန်မာအစိုးရဘက်က ကူညီ ပံ့ပိုးပေးဖို့ နိုင်ငံခြားရေးဝန်ကြီး ကီရှီးဒါးက တောင်းဆိုခဲ့ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ဂျပန်စစ်သားပေါင်း ၄ သောင်းခွဲလောက်အထိ မြန်မာနိုင်ငံထဲမှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံအကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီး ၂ ဦးအကြား သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG