သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂလန်အသင်း ကိုယ့် ဂိုးကိုယ်သွင်းလို့ ဂျပန်အသင်း ဗိုလ်လုပွဲတက်


ဂျပန်အသင်း ဗိုလ်လုပွဲ တက် (သတင်းဓာတ်ပုံ- FIFA)
ဂျပန်အသင်း ဗိုလ်လုပွဲ တက် (သတင်းဓာတ်ပုံ- FIFA)

ကနေဒါနိုင်ငံ Edmonton မြို့မှာ ဒီကနေ့ ကန်ခဲ့တဲ့ (၇)ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဘောလုံး အကြိုဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ဂျပန်အသင်းက အင်္ဂလန်အသင်း ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားပြီဖြစ်ပါတယ်။
ကစားပွဲ စပြီး (၃၂) မိနစ် မှာ ဂျပန် အသင်း ကပ္ပတိန် Aya Miyama ကpenalty (၁)ဂိုးသွင်းခဲ့ပြီးနောက် (၄၀)မိနစ်မှာ အင်္ဂလန်အသင်းက အလယ်တန်းလူ Fara Williams က ပင်နယ်လ်တီ (၁) ဂိုးပြန်သွင်းလိုက်တာဖြစ်ပါတယ်။ ပွဲပြီးခါနီး မိနစ် (၉၀) နားထိ ၁ ဂိုးစီ သရေနဲ့ရှိနေချိန်မှာ အင်္ဂလန်အသင်း နောက်တန်းလူ Laura Bassett က ကိုယ့်ဂိုး ကိုယ်ပြန်သွင်းလိုက်တဲ့အတွက် ဂျပန်က (၂)ဂိုး (၁)ဂိုးနဲ့အနိုင်ရရှိသွားတာဖြစ်ပါတယ်။

ဒီအကြိုဗိုလ်လုပွဲမှာ အနိုင်ရရှိတဲ့ ဂျပန်အသင်းဟာ အင်္ဂါနေ့က အကြိုဗိုလ်လုပွဲမှာ ဂျာမနီကို အနိုင်ရရှိလိုက်တဲ့ အမေရိကန်အသင်းနဲ့ ဗိုလ်လုပွဲမှာ ဆုံကြမှာဖြစ်ပါတယ်။ ဒါဟာ အမျိုးသမီး ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဒီအသင်း (၂)သင်းတို့ ဒုတိယအကြိမ် ဗိုလ်လုပွဲမှာ ဆုံကြခြင်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်ဖြစ်တဲ့ ၂၀၁၁ ခုနှစ်က ဂျပန်အသင်းဟာ အမေရိကန်အသင်းနဲ့ ဗိုလ်လုပွဲမှာ ၂ ဂိုးသရေနဲ့ အချိန်ပိုကစားခဲ့ရပြီး penalty shoot out ကန်ကြရာမှာ ဂျပန်က ၃ ဂိုးစလုံးဝင်အောင် ကန်နိုင်ခဲ့ပြီး အမေရိကန်က ၃ ဂိုးအနက် ၁ ဂိုးသာ ဝင်ခဲ့တဲ့အတွက်ကြောင့် ထိုစဉ်က ဂျပန်အသင်းက ချန်ပီယံဆု အနိုင်ရရှိသွားတာဖြစ်ပါတယ်။

လက်ရှိဗိုလ်လုပွဲကို အမေရိကန်နဲ့ ဂျပန်အသင်းတို့ ဇူလိုင် ၅ ရက်နေ့မှာ Vancouver မြို့မှာ ကန်ကြရမှာဖြစ်ပါတယ်။ တတိယနေရာအတွက် အင်္ဂလန်နဲ့ ဂျာမနီအသင်းတို့ ဇူလိုင် ၄ ရက် စနေနေ့မှာ ကန်ကြမှာဖြစ်ပါတယ်။

XS
SM
MD
LG