သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး ကမ္ဘာ့ဖလား ဂျပန်အသင်း ဗိုလ်စွဲ

အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲသွားသည့် ဂျပန်အသင်း အောင်ပွဲခံနေစဉ်။ ဇူလိုင် ၁၇၊ ၂၀၁၁။
အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲသွားသည့် ဂျပန်အသင်း အောင်ပွဲခံနေစဉ်။ ဇူလိုင် ၁၇၊ ၂၀၁၁။

ဒီနှစ် ၂၀၁၁ ခုနှစ်အတွက် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ဂျပန်နိုင်ငံက အမေရိကန်ကို အနိုင်ကန်ပြီး ဗိုလ်စွဲသွားပါတယ်။ တဘက် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ပယ်နယ်တီဂိုးသွင်းပြီး ဂျပန်နိုင်ငံက ချန်ပီယံဆု ဆွတ်ခူးသွားတာပါ။

ဒုတိယပိုင်းအပြီးမှာ ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် အချိန်ပိုမှာ နောက်ထပ် ၁ ဂိုးစီ ထပ်မံရရှိရာက ပယ်နယ်တီနဲ့ ဆုံးဖြတ်ဖို့ ဂိုးသွင်းကြရာမှာတော့ ဂျပန်အသင်းက ၃ ဂိုးနဲ့ အမေရိကန်အသင်းက ၁ ဂိုးသာ ရရှိခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ဂျပန်အမျိုးသမီးသင်း အနိုင်ရလိုက်တဲ့အတွက် ဒါဟာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကို အာရှတိုက်က ရရှိသွားတာလည်း ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်နဲ့ ၁၉၉၉ ခုနှစ်တွေမှာ အနိုင်ရခဲ့ဖူးတဲ့ အမေရိကန် အတွက်ကတော့ ၃ ကြိမ် ချန်ပီယံရဖူးတဲ့ ပထမဆုံး အသင်းတသင်းဖြစ်ဖို့ အခွင့်အလမ်း လက်လွတ်သွားခဲ့ရတာပါ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ ဒီနှစ်ပွဲစဉ် အတွင်းမှာတော့ အမေရိကန် အသင်းဟာ ထိပ်တန်း အသင်းတသင်းအဖြစ် ဂျာမဏီနိုင်ငံ ဖရန့်ဖတ်က ဗိုလ်လုပွဲမှာ အနိုင်ရမယ်လို့ မျှော်လင့်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

အရင်တပတ် တနင်္ဂနွေနေ့မှာ အမေရိကန်အသင်းဟာ ဘရာဇီးလ်ကို အနိုင်ရပြီး ဗုဒ္ဓဟူးနေ့ အကြိုဗိုလ်လုပွဲမှာတော့ ပြင်သစ်ကို အနိုင်ကန်ပြီး နောက်ဆုံး ဗိုလ်လုပွဲစဉ် တက်လာခဲ့တာပါ။

အမေရိကန်အသင်းကို အနိုင်ကစားပြီး ချန်ပီယံဆု ဆွတ်ခူးသွားတဲ့ ဂျပန်အသင်းကတော့ ဂျာမဏီကို နိုင်ခဲ့သလို အကြိုဗိုလ်လုပွဲမှာတော့ ဆွီဒင်ကို အနိုင်ကစားခဲ့တာလည်း ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG