သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဖွားဖွား ဧဝရက်တောင်တက်

အသက် ၇၃ နှစ်အရွယ် ဂျပန်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ နီပေါလ်နိုင်ငံ ဧဝရက်တောင်ကို တက်လိုက်နိုင်ပါပြီ။ ဒါဟာ အသက်အကြီးဆုံးအမျိုးသမီးတစ်ဦးအနေနဲ့ ကမ္ဘာ့အမြင့်ဆုံးတောင်ကို တက်နိုင်တဲ့ သူကိုယ်တိုင် တင်ထားတံ စံချိန်ကိုချိုးပြီး ထပ်တက်လိုက်နိုင်တာဖြစ်ပါတယ်။

တိဘက်ဒေသအခြမ်းကနေ ဧဝရက်တောင်ကို စတက်လာတဲ့ အဲဒီ ဖွားဖွား တာမာရီ ဝါတာနာဘေး (Tamae Watanabe) ဟာ စနေနေ့မှာတော့ အမြင့်ပေ ၃ သောင်းနီးပါးရှိတဲ့ တောင်ထိပ်ကို အဖွဲ့ဝင် ၄ ဦးနဲ့အတူ ရောက်သွားပြီဖြစ်ပါတယ်။

ဖွားဖွား ဝါတာနာဘေးဟာ ၂၀၀၂ ခုနှစ်တုန်းကလည်း ဧဝရက်တောင်ကို တက်နိုင်ခဲ့တဲ့ အသက်အကြီးဆုံး အမျိုးသမီးအဖြစ် စံချိန် တင်ထားသူလည်းဖြစ်ပါတယ်။ အဲဒီ စံချိန်ကို သူမကိုယ်တိုင်ပဲ ဒီကနေ့ချိုးလိုက်ပြီး အသက်အကြီးဆုံး ဧဝရက်တောင်တက်နိုင်သူ ဖွားသက်ရှည်ဘွဲ့ကို ဆက်လက် ထိန်းသိမ်းထားလိုက်တာပါ။

အသက် ၇၆ နှစ်အရွယ်ရှိ နီပေါလ်နိုင်ငံသား မင်းဘဟာဒူးဆာချန်း (Min Bahadur Sherchan) ကတော့ ဧဝရက်တောင်တက်နိုင်သူ အသက်အကြီးဆုံး အမျိုးသားအဖြစ် ၂၀၀၈ ခုနှစ်မှာ စံချိန်တင်ထားပါတယ်။

This item is part of
XS
SM
MD
LG