သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာနဲ့ နိုင်ငံတကာအရေးကိစ္စတွေ ဆွေးနွေး


ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa နှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးန်ကြီး Sok Chanda Sophea တို့ ကမ္ဘောဒီးယားနိုင်ငံမြို့တော်မှာ တွေ့ဆုံ (AP Photo/Heng Sinith)
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa နှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးန်ကြီး Sok Chanda Sophea တို့ ကမ္ဘောဒီးယားနိုင်ငံမြို့တော်မှာ တွေ့ဆုံ (AP Photo/Heng Sinith)

ဂျပန်နဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာနဲ့ နိုင်ငံတကာအရေးကိစ္စတွေ ဆွေးနွေး
Japanese Foreign Minister Yoko Kamikawa makes official visit to Cambodia

ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa က ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလည်းဖြစ်တဲ့ Sok Chanda Sophea နဲ့ တွေ့ဆုံပြီး မြန်မာအပါအဝင် ဒေသတွင်းပဋိပက္ခတွေနဲ့ နိုင်ငံတကာအရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း မနေ့ဇူလိုင်လ ၆ ရက်နေ့က ပြောပါတယ်။

“ဒေသတွင်း ပဋိပက္ခတွေဖြစ်တဲ့ မြန်မာ၊ မြောက်ကိုရီးယား အရေးတို့အပြင် အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်း ပဋိပက္ခတွေ ပြေလည်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဝန်ကြီး Sok Chanda Sophea က သဘောတူခဲ့ပါတယ်” လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa က တွေ့ဆုံအပြီး ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

နှစ်နိုင်ငံအကြား ဘက်စုံမဟာဗြူဟာမြောက် ဆက်ဆံရေးတွေ တိုးမြင့်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဝန်ကြီး Yoko Kamikawa ကမ္ဘောဒီးယားနိုင်ငံကို ရောက်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာ့အရေးကို ကြားဝင်ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။ မနှစ်ကလည်း ကမ္ဘောဒီးယား ခေါင်းဆောင်ဟောင်း ဟွန်ဆန် က မြန်မာစစ်ကောင်စီ အကြီးအကဲနဲ့ မေလ အစောပိုင်းမှာ အွန်လိုင်းက တွေ့ဆုံဆွေးနွေးစဉ် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်က တွေ့ဆုံခွင့်မပေးခဲ့ပါဘူး။

ဂျပန်အစိုးရကတော့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို တရားဝင် အသိအမှတ်ပြု ထောက်ခံတာ မရှိပေမယ့် ဂျပန်လွှတ်တော်အမတ်တွေကတော့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ကိုယ်စားလှယ်တွေကို တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

Forum

XS
SM
MD
LG