သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-7 အစည်းအဝေး လုံခြုံရေး ဂျပန်ဝန်ကြီးချုပ် ကတိပေး


Japan's Environment Minister Akihiro Nishimura and Minister of Economy, Trade and Industry Yasutoshi Nishimura attend at a news conference of G7 Ministers' Meeting on Climate, Energy and Environment in Sapporo, Apr. 16, 2023, (Kyodo via Reuters)
Japan's Environment Minister Akihiro Nishimura and Minister of Economy, Trade and Industry Yasutoshi Nishimura attend at a news conference of G7 Ministers' Meeting on Climate, Energy and Environment in Sapporo, Apr. 16, 2023, (Kyodo via Reuters)

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် ဒီလထဲမှာ ကျင်းပမယ့် G-7 စက်မှုထိပ်သီး ၇ နိုင်ငံ ဆွေးနွေးပွဲအတွက် လုံခြုံရေးကို တတ်နိုင်သမျှ ဆောင်ရွက်ပေးသွားမယ့်အကြောင်း ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ကတိပြုလိုက်ပါတယ်။ ဝန်ကြီးချုပ် မိန့်ခွန်းပြောတဲ့နေရာအနီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက်တရက် တနင်္ဂနွေနေ့မှာ ဝန်ကြီးချုပ်က ပြောလိုက်တာပါ။

“ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ဆက်လက်စုံစမ်းစစ်ဆေးနေပြီး၊ ကမ္ဘာတဝှမ်းက ဂုဏ်သရေရှိ ခေါင်းဆောင်တွေ တက်ရောက်လာကြမယ့် ထိပ်သီးဆွေးနွေးပွဲ လုံခြုံရေးနဲ့ ဘေးကင်းရေး သေချာစေဖို့ ကျနော်တို့ အစွမ်းကုန် ကြိုးစားမှာပါ။” လို့ ဝန်ကြီးချုပ် Kishida က သတင်းထောက်တွေကို ဒီကနေ့ ပြောကြားခဲ့တာပါ။

ဂျပန်နိုင်ငံ အနောက်ဘက်ပိုင်း စည်းရုံးရေးခရီးစဉ်အတွင်း Kishida မိန့်ခွန်းပြောနေချိန်မှာ သံသယရှိသူတဦးဟာ လူအုပ်ကြားထဲ မီးခိုးဗုံးတလုံး ပစ်ခတ်မှုဖြစ်ပေါ်ပြီးနောက် တရက်အကြာမှာ အခုလို ဂျပန်ဝန်ကြီးချုပ်ရဲ့ ကတိကဝတ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Kishida အနေနဲ့ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပါဘူး။ မီးခိုးဗုံးပစ်ခဲ့တဲ့ သံသယရှိသူကိုတော့ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဂျပန်နိုင်ငံအလယ်ပိုင်းက Karuizawa မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အပါအဝင် G-7 နိုင်ငံခြားရေးဝန်ကြီးတြေရဲ့ သုံးရက်ကြာ ဆွေးနွေးပွဲကို ဒီကနေ့မှာ စတင်ခဲ့ပါတယ်။

==== Unicode ====





XS
SM
MD
LG