သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အကဲဆတ်တဲ့ ရေပိုင်နက်အနီး ဂျပန်စစ်ရေးလေ့ကျင့်


USA-MILITARY/JAPAN
USA-MILITARY/JAPAN

ဂျပန်နိုင်ငံရဲ့ မရိန်းတပ်ဖွဲ့ဝင်တွေဟာ ပစိဖိတ်သမုဒ္ဒရာတွင်း သူတို့ပိုင်ဆိုင်တဲ့ Tokunushima ကျွန်းမှာ ဒီနေ့ တနင်္ဂနွေနေ့မှာ ကမ်းတက်စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ကြပါတယ်။

အရှေ့တရုတ်ပင်လယ်ပြင်အစပ်မှာရှိတဲ့ အဲဒီကျွန်းကို တရုတ်နိုင်ငံဘက်က တိုက်ခိုက်မှုလုပ်လာမှာကို ဂျပန်ဘက်က စိုးရိမ်တဲ့အတွက် အခုလိုစစ်ရေးလေ့ကျင့်မှုတွေလုပ်ခဲ့တာပါ။

ဒီစစ်ရေးလေ့ကျင့်မှုအတွင်း ဂျပန်ရေတပ်စစ်သင်္ဘော ၂ စင်း နဲ့ ရေထဲကနေ ကုန်းပေါ်ကို တက်လာနိုင်တဲ့ ကမ်းတက်တိုက်ခိုက်ရေးယာဉ်တွေ ပါဝင်ပြီး စစ်ရေးလေ့ကျင့်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့နိုင်ငံ တိုက်ခိုက်ခံရပြီးတော့ အရေးပေါ်အခြေအနေ ဖြစ်လာတယ်ဆိုရင် ကျနော်တို့အနေနဲ့ အဲဒီအခြေအနေအောက်မှာ စစ်ဆင်ရေးတွေကို ပူးတွဲလုပ်ဆောင်သွားဖို့ ဖြစ်တယ်လို့ ဂျပန်စစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီး Yoshihide Yoshida က ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် Fumio Kishida က နိုင်ငံရဲ့ စစ်အသုံးစရိတ်ကို လာမယ့် ၅ နှစ်အတွင်း ၂ ဆ တိုးမြှင့်သွားမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကတိပြုပြီးတဲ့နောက်မှာတော့ ဂျပန်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေရဲ့ အရှိန်အဟုန် အတိုင်းအတာဟာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အမေရိကန်တပ်ဖွဲ့တွေအပါအဝင် ထပ်ပြီးတော့ တိုးလာနိုင်ဖွယ် ရှိနေပါတယ်။

XS
SM
MD
LG