သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ ခွဲဝေလက်ခံဖို့ EU အကြီးအကဲတိုက်တွန်း


ဥရောပ သမဂ္ဂ အကြီးအကဲ Jean-Claude Juncker က ဒုက္ခသည်တွေကိုလက်ခံဖို့ တိုက်တွန်း (စက်တင်ဘာ ၉၊ ၂၀၁၅)
ဥရောပ သမဂ္ဂ အကြီးအကဲ Jean-Claude Juncker က ဒုက္ခသည်တွေကိုလက်ခံဖို့ တိုက်တွန်း (စက်တင်ဘာ ၉၊ ၂၀၁၅)

ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်တဲ့ ဂရိ၊ အီတလီနဲ့ ဟန်ဂေရီ နိုင်ငံတို့ အနေနဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေ အရေး မနိုင်မနင်း ဖြစ်နေတာကြောင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ဒုက္ခသည် ၁ သိန်း ၆ သောင်းတို့ကို ခွဲေ၀ လက်ခံကြဖို့ ဥရောပ သမဂ္ဂ အကြီးအကဲ Jean-Claude Juncker က တိုက်တွန်းလိုက်ပါတယ်။ ဒုက္ခသည် အရေးကို စည်းစည်းလုံးလုံးနဲ့ ရင်ဆိုင် ဖြေရှင်းကြဖို့လည်း မစ္စတာ Juncker က ဒီကနေ့ ဗုဒ္ဓဟူးနေ့ ဥရောပ ပါလီမန်မှာ မိန့်ခွန်းပြောစဉ်မှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၂၂ နိုင်ငံတို့ အနေနဲ့ အရေးပေါ် ခိုလှုံနိုင်တဲ့ နေရာတွေကို ဥပဒေနဲ့ အညီ ကြန့်ကြာခြင်း မရှိဘဲ ဆောင်ရွက်ပေးရမယ်လို့လည်း သူက ပြောခဲ့ပါတယ်။ ကျနော်တို့ ဥရောပသားတွေ အနေနဲ့ ဒုက္ခသည်အဖြစ် ဘာကြောင့် ခိုလှုံခွင့်ပေးရလဲ ဆိုတာနဲ့ နိုင်ငံရေး ခိုလှုံခွင့် မူလ အခွင့်အရေးတို့ဟာ သိပ်ကို အရေးကြီးတယ်ဆိုတာကို ဘယ်တော့မှ မေ့ပျောက်ပစ်မှာမဟုတ်ဘူးလို့လည်း ဥရောပ သမဂ္ဂ အကြီးအကဲက ပြောဆိုခဲ့ပါတယ်။ ဥရောပ ပြည်ထဲရေး ဝန်ကြီးတွေ အနေနဲ့ နောက်သတင်းပတ်ထဲ ကျင်းပမယ့် ဥရောပ သမဂ္ဂ ပြည်ထဲရေး ဝန်ကြီးတွေရဲ့ ညီလာခံမှာ ဒုက္ခသည် ပြန်လည်နေရာချထားရေး အစီအစဉ်တို့ကို တင်သွင်းကြဖို့ကိုလည်း တဆက်တည်းမှာဘဲ တိုက်တွန်း ပြောဆိုထားပါတယ်။

ရွှေ့ပြောင်း ဒုက္ခသည်တွေ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားစဉ် ကာလ အတွင်းမှာလည်း အလုပ်လုပ်ကိုင်ခွင့် ပေးမယ်လို့ မျှော်လင့်ထားပါကြောင်းလည်း မစ္စတာ Juncker က ပြောဆိုခဲ့ပါတယ်။ ဒုက္ခသည် အရေးလိုမျိုး နောက်ပိုင်း ကာလတွေမှာ ရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေ အတွက် အရေးပေါ် ရန်ပုံငွေ တရပ် ထူထောင်ထားဖို့ကိုလည်း မျှော်လင့်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG