သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican သမ္မတ ကိုယ်စားလှယ်လောင်းစာရင်း Jeb Bush ပါဝင်

၂၀၁၆ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံဖို့ ကြေညာလိုက်တဲ့ သမ္မတဟောင်း နှစ်ဦးရဲသားနဲ့ညီဖြစ်သူ Jeb Bush (ဇွန် ၁၅၊ ၂၀၁၅)
၂၀၁၆ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံဖို့ ကြေညာလိုက်တဲ့ သမ္မတဟောင်း နှစ်ဦးရဲသားနဲ့ညီဖြစ်သူ Jeb Bush (ဇွန် ၁၅၊ ၂၀၁၅)

Florida ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ အရင် အမေရိကန်သမ္မတဟောင်းတွေရဲ့ သားနဲ့ညီဖြစ်သူ Jeb Bush ဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ကိုယ်လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း တနင်္လာနေ့က တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

သူဟာ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်းတွေထဲက ၁၁ ဦးမြောက်အဖြစ် ဝင်ရောက် လာတာဖြစ်ပေမယ့် သူ့ပါတီဘက်က နောက်ထပ် ပါဝင်လာမယ့်သူတွေ ရှိလာနိုင်သေးတယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အကြီးအကျယ် မှားယွင်းတဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိနေတယ်လို့Miami မြို့မှာပြုလုပ်တဲ့ သမ္မတလောင်းအဖြစ် တရားဝင်ကြေညာပွဲမှာ Bush က ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။ တိုင်းပြည်အတွင်း တင်းကျပ်တဲ့ ဥပဒေတွေ အဆက်မပြတ်ထုတ်ပြန်ပြီး အမေရိကန်စီးပွားရေးကျဆင်းအောင် ဒီမိုကရက်တစ်ပါတီက လုပ်ဆောင်နေတယ်လို့ သူက အပြစ်တင်လိုက်ပါတယ်။

ဝါရှင်တန် ဒီစီမြို့မှာ လက်ခံနေတဲ့ လုပ်ရိုး လုပ်စဉ်တွေကို ပြုပြင် ပြောင်းလဲနိုင်မယ့် သမ္မတ လိုအပ်ကြောင်းနဲ့ အဲဒီလို လုပ်နိုင်တဲ့ သမ္မတဟာ သူဖြစ်ကြောင်း Jeb Bush က ပြောပါတယ်။

ရီပတ်ဘလီကန်ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် သမ္မတ ကိုယ်စားလှယ်လောင်းအများစုဟာ ပါတီရဲ့ရှေးရိုးစွဲ Conservative ဝါဒကို လက်ခံတဲ့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုရရှိဖို့ ကြိုးပမ်းနေကြတာဖြစ်ပေမယ့် Jeb Bush ကတော့ မဲဆွယ်လှုပ်ရှားတဲ့ ဗွီဒီယိုထဲမှာ သူ့အနေနဲ့ ပိုမို ကျယ်ပြန့်တဲ့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်လိုတဲ့ ကိုယ်စားလှယ်လောင်းအဖြစ် သရုပ်ဖော်ထားပါတယ်။

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG