သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်ရှေ့နေချုပ် Jeff Sessions ကို အထက်လွှတ်တော်အတည်ပြု


သမ္မတ Donald Trump က နိုင်ငံတော် ရှေ့နေချုပ်အဖြစ် အမည်တင်သွင်းထားသူ Jeff Sessions ကို အထက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ မဲခွဲ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

Jeff Sessions ကို နိုင်ငံတော် ရှေ့နေချုပ်အဖြစ် ခန့်ထားရေး လွှတ်တော်မှာပြုလုပ်တဲ့ နောက်ဆုံး ကြားနာပွဲအတွင်း အခြေတင် ငြင်းခုန်မှုတွေ တရက်ကျော်ကြာ ပြုလုပ်ခဲ့ရသလို အထင်ကရ ဒီမိုကရက်ပါတီ အထက်လွှတ်တော် အမတ်တဦးလည်း လွှတ်တော်မှာ စကားပြောခွင့် တားမြစ်ခံခဲ့ရပါတယ်။

Alabama ပြည်နယ် အထက်လွှတ်တော်အမတ် တဦးအဖြစ် ကာလရှည်ကြာစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Jeff Sessions ကို တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေအတွက် အကြီးဆုံး တာဝန်ဖြစ်တဲ့ နိုင်ငံတော် ရှေ့နေချုပ်အဖြစ် အထက်လွှတ်တော်က ထောက်ခံမဲ ၅၂ မဲ၊ ကန့်ကွက်မဲ ၄၇ မဲနဲ့ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတ Trump က ဝန်ကြီးရာထူး ခန့်ထားရေး အမည်တင်သွင်းခံထားရသူတွေထဲက ၆ ဦးမြောက်အဖြစ် အတည်ပြုခံရတာလည်း ဖြစ်ပါတယ်။

မနှစ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေအတွင်း မစ္စတာ Trump ကို တက်ကြွစွာ ထောက်ခံ အားပေးခဲ့တဲ့ Jeff Sessions ကတော့ သူ့အနေနဲ့ နိုင်ငံတော် ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်တဲ့နေရာမှာ နိုင်ငံရေးထက် တရားဥပဒေ စိုးမိုးရေးကို ရှေ့တန်းတင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

XS
SM
MD
LG