သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆက်ဆံရေးပြန်ကောင်းဖို့ ကန်ဘဏ္ဍာရေးဝန်ကြီးနဲ့ တရုတ်ဒုဝန်ကြီးချုပ်တို့ ဆွေးနွေး

Treasury Secretary Janet Yellen, left, speaks as Chinese Premier Li Qiang, right, listens during a meeting at the Great Hall of the People in Beijing, China, July 7, 2023.
Treasury Secretary Janet Yellen, left, speaks as Chinese Premier Li Qiang, right, listens during a meeting at the Great Hall of the People in Beijing, China, July 7, 2023.

တရုတ်နိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Jenet Yellen နဲ့ တရုတ် ဒုတိယဝန်ကြီးချုပ် He Lifeng တို့ ဘေဂျင်းမြိုတော်မှာ ဒီနေ့စနေ့နေ့မှာ တွေ့ဆုံခဲ့ကြစဉ် ၂ နိုင်ငံကြား ပိုမိုကောင်းမွန်တဲ့ဆက်သွယ်ရေးလမ်းကြောင်း ထားနိုင်ဖို၌ မျှော်လင့်ကြောင်း ၂ ယောက်လုံးက ပြောကြားခဲ့ကြပါတယ်။

ရှုပ်ထွေးတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေအရ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၂ နိုင်ငံကြား စိန်ခေါ်မှုတွေဖြေရှင်းရေး အမြင်တွေ ဖလှယ်အနီးကပ်ဆွေးနွေးနေဖို့ လိုအပ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး Yellen က ပြောကြားခဲ့ပါတယ်၊ တချိန်ထဲမှာပဲ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ပြီး၊ ပစ်မှတ်ထား အရေးယူမှုတွေ လုပ်ရတာ ဖြစ်တယ်လို့လည်း ကာကွယ်ပြောကြားခဲ့ပါတယ်၊

“အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ဖို့အတွက် ပစ်မှတ်ထား အရေးယူမှုတွေ လုပ်ဆောင်သွားမှာပါ။ ဘယ်လို အရေးယူမှုတွေ လုပ်သလဲဆိုတဲ့အပေါ်မှာ သဘောထားကွဲပြားမှုတွေ ရှိနိုင်ပေမယ့်၊ အဲဒီ သဘောထား မတိုက်ဆိုင်မှုတွေကနေ နားလည်မှု လွဲမှားတာ၊ အထူးသဖြင့် ကောင်းမွန်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းမရှိလို့ ဖြစ်ရတဲ့ နားလည်မှု လွဲမှားမှုတွေကနေ မလိုလားအပ်တဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်စေလိုပါဘူး” လို့ ဝန်ကြီး Yellen က ပြောသွားတာပါ။

တရုတ် ဒုဝန်ကြီးချုပ်ကတော့ နှစ်နိုင်ငံဆက်ဆံရေးမှာ အမေရိကန်နိုင်ငံပိုင်နက်အတွင်း တရုတ် မိုးပျံပူပေါင်း ပျံသန်းခဲ့တဲ့ကိစ္စလို မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံခဲ့ရတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ဘက်က စဉ်စားချင့်ချိန်ပြီး လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်းလည်း တရုတ် ဒုဝန်ကြီးချုပ် He Lifeng က ပြောပါတယ်။ တရုတ်နဲ့ အမေရိကန်အကြားက ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာဖို့အတွက် အမေရိကန်ဘက်က ကြိုးပမ်းတဲ့အနေနဲ့ အခု ဘဏ္ဍာရေးဝန်ကြီး Janet Yellen က တရုတ်နိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG