သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်ဇီမင်း သေဆုံးတဲ့သတင်း တရုတ်အစိုးရ ငြင်းဆို

ကျန်ဇီမင်း သေဆုံးတဲ့သတင်း တရုတ်အစိုးရ ငြင်းဆို
ကျန်ဇီမင်း သေဆုံးတဲ့သတင်း တရုတ်အစိုးရ ငြင်းဆို

တရုတ်ခေါင်းဆောင်ဟောင်း ကျန်ဇီမင်း (Jiang Zemin) ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ခန့်မှန်း ပြောဆိုချက်တွေ ထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ မစ္စတာ ကျန် သေဆုံးတယ်ဆိုတာ မဟုတ်ပါဘူးလို့ တရုတ်အာဏာပိုင်တွေက တရားဝင် ငြင်းဆိုသွားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ စတင်တည်ထောင်တဲ့ နှစ် ၉၀ ပြည့် အခမ်းအနားမှာ အသက် ၈၄ နှစ်အရွယ် မစ္စတာ ကျန် သေဆုံးတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ စတင်ပျံ့နှံ့တာပါ။ အဲဒီသတင်းကို အင်တာနက်ပေါ်မှာ လိုက်ပြီး ပိတ်ပစ်ဖို့ လုပ်ဆောင်ခဲ့ပြီး နောက်တရက် ကြာသပတေးနေ့မှာပဲ အရာရှိတွေက အခုလို တရားဝင် ငြင်းဆိုလိုက်တာပါ။

သတင်းထဲမှာတော့ ပြောရေးဆိုခွင့်ရှိသူ အာဏာပိုင်တွေဆီက သိရတာက မစ္စတာ ကျန် သေဆုံးတယ်ဆိုတာ ကောလာဟလ သက်သက်ပါလို့ ဆင်ဟွာ သတင်းဌာနရဲ့ အရာရှိတွေက ပြောကြပါတယ်။

ဟောင်ကောင် ရုပ်သံဌာနတခုကဆို မစ္စတာ ကျန် လွန်ခဲ့တဲ့ နာရီတော်တော်ကြာကြာကပဲ သေဆုံးသွားပြီလို့ ဗုဒ္ဓဟူးညနေမှာ ကြေညာသွားပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယား သတင်းတွေမှာလည်း အလားတူ သတင်းတွေ ဖော်ပြကြပါတယ်။ အဲဒီ သတင်းဌာနတွေက သူတို့ အဲဒီသတင်း ဘယ်ကနေရလဲ ဆိုတာ မဖော်ပြကြပါဘူး။

ဟောင်ကောင် ရုပ်သံဌာန ATV ကတော့ နောက်ပိုင်းမှာ သူတို့သတင်းကို ပြန်ရုပ်သိမ်းသွားပြီး သူတို့ရဲ့ သတင်းပရိသတ်တွေရော မစ္စတာ ကျန်ဇီမင်းနဲ့ သူ့မိသားစုကိုရော တောင်းပန်သွားပါတယ်။

This item is part of
XS
SM
MD
LG