သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္သမၼတေဟာင္း Jiang Zemin ကြယ္လြန္ 


FORMER CHINA PRESIDENT JIANG ZEMIN


[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံကို ကမာၻမွာ စီးပြားေရးအင္အားႀကီးႏိုင္ငံတခုျဖစ္ေအာင္ဦးေဆာင္ခဲ့သူ သမၼတေဟာင္း Jiang Zemin အသက္ ၉၆ ႏွစ္မွာ ကြယ္လြန္သြားပါတယ္။
ေသြးကင္ဆာေရာဂါအျပင္ ခႏၵာကိုယ္တြင္းအဂၤါေတြ ပုံမွန္အလုပ္မလုပ္ေတာ့တာေၾကာင့္ ဒီကေန႔ ရွန္ဟိုင္းၿမိဳ႕မွာေသဆုံးခဲ့တယ္လို႔ ရွင္ဟြာသတင္းမွာ ေဖာ္ျပပါတယ္။

၁၉၈၉ ခုႏွစ္ကျဖစ္ခဲ့တဲ့ Tiananmen ရင္ျပင္ ဒီမိုကေရစီေရးဆႏၵျပမႈေတြကို တ႐ုတ္အစိုးရက အၾကမ္းဖက္ႏွိမ္ႏွင္းမႈေၾကာင့္ တ႐ုတ္ကို အေနာက္ႏိုင္ငံအမ်ားစု အဆက္အသြယ္ျဖတ္ထားခ်ိန္ ၁၉၉၃ ခုႏွစ္မွာ Jiang Zemin သမၼတျဖစ္လာခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ တ႐ုတ္ႏိုင္ငံကို ျပင္ပကမာၻနဲ႔ ျပန္ၿပီး ကူးလူးဆက္ဆံမႈေတြရွိလာေအာင္ သူႀကိဳးပမ္းခဲ့သလို စီးပြါးေရး ဖြံ႕ၿဖိဳး တိုးတက္မႈေတြ ျဖစ္ေပၚလာေအာင္ ဦးေဆာင္ခဲ့ပါတယ္။ ကြန္ျမဴနစ္ႏိုင္ငံျဖစ္တဲ့ တ႐ုတ္ႏိုင္ငံကို ေဈးကြက္စီးပြားေရးဦးတည္တဲ့ ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ခဲ့သလို ၁၉၉၇ ခုႏွစ္မွာ ေဟာင္ေကာင္ကို ၿဗိတိန္လက္ေအာက္ကေနျပန္ရဖို႔နဲ႔ WTO ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ထဲ တ႐ုတ္ႏိုင္ငံဝင္ေရာက္ႏိုင္ဖို႔ စတဲ့ သမိုင္းဝင္ေျပာင္းလဲမႈေတြကိုလည္း သူက လုပ္ေဆာင္ေပးခဲ့တာပါ။

တ႐ုတ္စစ္တပ္ အႀကီးအကဲလည္းျဖစ္ခဲ့တဲ့ သမၼတေဟာင္း Jiang Zemin လက္ထက္ အစိုးရဆန႔္က်င္သူေတြကို ဖိႏွိပ္ခ်ဳပ္ခ်ယ္ခဲ့သလို လူ႔အခြင့္အေရး၊ အလုပ္သမားအခြင့္အေရးနဲ႔ ဒီမိုကေရစီေရးတက္ႂကြလႈပ္ရွားသူေတြကို ဖမ္းဆီးေထာင္ခ်ခဲ့ပါတယ္။ Falun Gong ဘာသာေရးအဖြဲ႔ကိုလည္း ႏွိမ္ႏွင္းခဲ့ပါတယ္။

၁၉၉၃ ခုႏွစ္၊ မတ္လကေန ၂၀၀၃ ခုႏွစ္ မတ္လအထိ တ႐ုတ္ႏိုင္ငံရဲ႕ ၅ ေယာက္ေျမာက္ သမၼတအျဖစ္ သူ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ၁၀ ႏွစ္တာကာလအတြင္း သမိုင္းဝင္ ေခါင္းေဆာင္မႈေတြကို ဦးေဆာင္ခဲ့သူ Jiang Zemin ဟာ ၂၀၀၄ ခုႏွစ္ စက္တင္ဘာလမွာ တ႐ုတ္ဗဟိုစစ္ေကာ္မရွင္ဥကၠ႒အျဖစ္ကေနပါ အၿငိမ္းစားယူခဲ့ပါတယ္။

တ႐ုတ္သမၼတေဟာင္း Jiang Zemin ကြယ္လြန္ .mp3
please wait

No media source currently available

0:00 0:01:25 0:00
တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

တရုတ်သမ္မတဟောင်း Jiang Zemin ကွယ်လွန်

တရုတ်နိုင်ငံကို ကမ္ဘာမှာ စီးပွားရေးအင်အားကြီးနိုင်ငံတခုဖြစ်အောင်ဦးဆောင်ခဲ့သူ သမ္မတဟောင်း Jiang Zemin အသက် ၉၆ နှစ်မှာ ကွယ်လွန်သွားပါတယ်။
သွေးကင်ဆာရောဂါအပြင် ခန္ဒာကိုယ်တွင်းအင်္ဂါတွေ ပုံမှန်အလုပ်မလုပ်တော့တာကြောင့် ဒီကနေ့ ရှန်ဟိုင်းမြို့မှာသေဆုံးခဲ့တယ်လို့ ရှင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

၁၉၈၉ ခုနှစ်ကဖြစ်ခဲ့တဲ့ Tiananmen ရင်ပြင် ဒီမိုကရေစီရေးဆန္ဒပြမှုတွေကို တရုတ်အစိုးရက အကြမ်းဖက်နှိမ်နှင်းမှုကြောင့် တရုတ်ကို အနောက်နိုင်ငံအများစု အဆက်အသွယ်ဖြတ်ထားချိန် ၁၉၉၃ ခုနှစ်မှာ Jiang Zemin သမ္မတဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်နိုင်ငံကို ပြင်ပကမ္ဘာနဲ့ ပြန်ပြီး ကူးလူးဆက်ဆံမှုတွေရှိလာအောင် သူကြိုးပမ်းခဲ့သလို စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် ဦးဆောင်ခဲ့ပါတယ်။ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို ဈေးကွက်စီးပွားရေးဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့သလို ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို ဗြိတိန်လက်အောက်ကနေပြန်ရဖို့နဲ့ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထဲ တရုတ်နိုင်ငံဝင်ရောက်နိုင်ဖို့ စတဲ့ သမိုင်းဝင်ပြောင်းလဲမှုတွေကိုလည်း သူက လုပ်ဆောင်ပေးခဲ့တာပါ။

တရုတ်စစ်တပ် အကြီးအကဲလည်းဖြစ်ခဲ့တဲ့ သမ္မတဟောင်း Jiang Zemin လက်ထက် အစိုးရဆန့်ကျင်သူတွေကို ဖိနှိပ်ချုပ်ချယ်ခဲ့သလို လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ Falun Gong ဘာသာရေးအဖွဲ့ကိုလည်း နှိမ်နှင်းခဲ့ပါတယ်။

၁၉၉၃ ခုနှစ်၊ မတ်လကနေ ၂၀၀၃ ခုနှစ် မတ်လအထိ တရုတ်နိုင်ငံရဲ့ ၅ ယောက်မြောက် သမ္မတအဖြစ် သူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း သမိုင်းဝင် ခေါင်းဆောင်မှုတွေကို ဦးဆောင်ခဲ့သူ Jiang Zemin ဟာ ၂၀၀၄ ခုနှစ် စက်တင်ဘာလမှာ တရုတ်ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ်ကနေပါ အငြိမ်းစားယူခဲ့ပါတယ်။

XS
SM
MD
LG