သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတကေတာ္ Jill Biden ကိုဗစ္ ကူးစက္


 အေမရိကန္သမၼတကေတာ္ Jill Biden

[[Zawgyi/Unicode]]

အေမရိကန္သမၼတကေတာ္ Dr. Jill Biden ကိုဗစ္ 19 ေရာဂါ ကူးစက္ေနတဲ့အေၾကာင္းနဲ႔ ေရာဂါလကၡဏာ မျပင္းထန္တဲ့အေၾကာင္း သူ႔ရဲ႕ ေျပာခြင့္ရက ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

Jill Biden ဟာ ကိုဗစ္ကာကြယ္ေဆး ႏွစ္လုံးနဲ႔ အားျဖည့္ကာကြယ္ေဆး ႏွစ္လုံး ထိုးထားသူျဖစ္ပါတယ္။ ေလာေလာဆယ္ ေတာင္ကာ႐ိုလိုင္းနားျပည္နယ္ Kiawah Island ကြ်န္းမွာ သမၼတ Joe Biden အပါအဝင္ မိသားစုနဲ႔အတူ သြားေရာက္ပါတယ္။ သမၼတ Joe Biden ကေတာ့ ဥပေဒၾကမ္းတခုကို အတည္ျပဳလက္မွတ္ေရးထိုးဖို႔ ရွိတဲ့အတြက္ ဒီေန႔ ညေန ဝါရွင္တန္ၿမိဳ႕ေတာ္ကို ျပန္လာဖို႔ ရွိၿပီး သမၼတကေတာ္ ကေတာ့ ေနာက္ထပ္ ကိုဗစ္ေရာဂါကင္းရွင္းေၾကာင္း ႏွစ္ႀကိမ္ အေျဖထြက္ၿပီးမွ ဝါရွင္ တန္ၿမိဳ႕ေတာ္ကို ျပန္လာမယ္လို႔ ဆက္သြယ္ေရးအရာရွိ Elizabeth Alexander က ေၾကညာခ်က္မွာ ေဖၚျပပါတယ္။

သမၼတ Joe Biden ကိုယ္တိုင္လည္း ဂ်ဴလိုင္ ၂၉ ရက္ေန႔က ကိုဗစ္ ကူးစက္ခဲ့ပါတယ္။

မေန႔ကလည္း အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin ကိုဗစ္ 19 ေရာဂါကူးစက္ခံေနရတဲ့အေၾကာင္းနဲ႔ ေရာဂါလကၡဏာမျပင္းထန္ေပမယ့္ အိမ္မွာ တျခားသူေတြနဲ႔ မေတြ႔ဘဲ သီးျခားခြဲေနမယ့္အေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ ထားပါတယ္။ အသက္ ၆၉ ႏွစ္အရြယ္ ကာကြယ္ေရးဝန္ႀကီး Austin ဟာ ကာကြယ္ေဆး အျပည့္အဝထိုးထားၿပီး အားျဖည့္ကာကြယ္ေဆး ၂ ႀကိမ္လည္း ထိုးထားတဲ့သူ ျဖစ္ေပမယ့္ ဒီတႀကိမ္နဲ႔ဆို COVID 19 ေရာဂါ ဒုတိယ အႀကိမ္ ေရာဂါကူးစက္တာျဖစ္ပါတယ္။

ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ တိုက္ဖ်က္ေရးဌာန CDC ရဲ႕ ၫႊန္ၾကားခ်က္အတိုင္း ျပင္ပနဲ႔ ၅ ရက္ အဆက္အသြယ္ျဖတ္ေတာက္ေနထိုင္မယ့္အေၾကာင္းနဲ႔ ပုံမွန္ လုပ္ငန္းတာဝန္ အခ်ိန္ဇယားအတိုင္း အိမ္ကေန အြန္လိုင္းကတဆင့္ လုပ္ကိုင္သြားမယ့္အေၾကာင္း Lloyd Austin ေၾကညာထားပါတယ္။
#JillBiden #LloydAustin #Covid19

==================

[[Unicode]]

သမ္မတကတော် Jill Biden ကိုဗစ် ကူးစက်

အမေရိကန်သမ္မတကတော် Dr. Jill Biden ကိုဗစ် 19 ရောဂါ ကူးစက်နေတဲ့အကြောင်းနဲ့ ရောဂါလက္ခဏာ မပြင်းထန်တဲ့အကြောင်း သူ့ရဲ့ ပြောခွင့်ရက ကြေညာချက်ထုတ်ပြန်ပါတယ်။

Jill Biden ဟာ ကိုဗစ်ကာကွယ်ဆေး နှစ်လုံးနဲ့ အားဖြည့်ကာကွယ်ဆေး နှစ်လုံး ထိုးထားသူဖြစ်ပါတယ်။ လောလောဆယ် တောင်ကာရိုလိုင်းနားပြည်နယ် Kiawah Island ကျွန်းမှာ သမ္မတ Joe Biden အပါအဝင် မိသားစုနဲ့အတူ သွားရောက်ပါတယ်။ သမ္မတ Joe Biden ကတော့ ဥပဒေကြမ်းတခုကို အတည်ပြုလက်မှတ်ရေးထိုးဖို့ ရှိတဲ့အတွက် ဒီနေ့ ညနေ ဝါရှင်တန်မြို့တော်ကို ပြန်လာဖို့ ရှိပြီး သမ္မတကတော် ကတော့ နောက်ထပ် ကိုဗစ်ရောဂါကင်းရှင်းကြောင်း နှစ်ကြိမ် အဖြေထွက်ပြီးမှ ဝါရှင် တန်မြို့တော်ကို ပြန်လာမယ်လို့ ဆက်သွယ်ရေးအရာရှိ Elizabeth Alexander က ကြေညာချက်မှာ ဖေါ်ပြပါတယ်။

သမ္မတ Joe Biden ကိုယ်တိုင်လည်း ဂျူလိုင် ၂၉ ရက်နေ့က ကိုဗစ် ကူးစက်ခဲ့ပါတယ်။

မနေ့ကလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကိုဗစ် 19 ရောဂါကူးစက်ခံနေရတဲ့အကြောင်းနဲ့ ရောဂါလက္ခဏာမပြင်းထန်ပေမယ့် အိမ်မှာ တခြားသူတွေနဲ့ မတွေ့ဘဲ သီးခြားခွဲနေမယ့်အကြောင်း ကြေညာချက် ထုတ်ပြန် ထားပါတယ်။ အသက် ၆၉ နှစ်အရွယ် ကာကွယ်ရေးဝန်ကြီး Austin ဟာ ကာကွယ်ဆေး အပြည့်အဝထိုးထားပြီး အားဖြည့်ကာကွယ်ဆေး ၂ ကြိမ်လည်း ထိုးထားတဲ့သူ ဖြစ်ပေမယ့် ဒီတကြိမ်နဲ့ဆို COVID 19 ရောဂါ ဒုတိယ အကြိမ် ရောဂါကူးစက်တာဖြစ်ပါတယ်။

ရောဂါထိန်းချုပ်ရေးနဲ့ တိုက်ဖျက်ရေးဌာန CDC ရဲ့ ညွှန်ကြားချက်အတိုင်း ပြင်ပနဲ့ ၅ ရက် အဆက်အသွယ်ဖြတ်တောက်နေထိုင်မယ့်အကြောင်းနဲ့ ပုံမှန် လုပ်ငန်းတာဝန် အချိန်ဇယားအတိုင်း အိမ်ကနေ အွန်လိုင်းကတဆင့် လုပ်ကိုင်သွားမယ့်အကြောင်း Lloyd Austin ကြေညာထားပါတယ်။
#JillBiden #LloydAustin #Covid19

==================

XS
SM
MD
LG