သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျင်(မ်)ယုံကင်(မ်) ကို ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ အဖြစ်ရွေးချယ်


ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဒေါက်တာ ဂျင်(မ်)ယုံကင်(မ်) (Jim Yong Kim)
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဒေါက်တာ ဂျင်(မ်)ယုံကင်(မ်) (Jim Yong Kim)

အာရှနွယ်ဖွား အမေရိကန် နိုင်ငံသား ဂျင်(မ်)ယုံကင်(မ်) (Jim Yong Kim) ကို ကမ္ဘာ တဝှမ်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ ဥက္ကဋ္ဌသစ် အဖြစ် ညွှန်ကြားရေးမှူးတွေက ရွေးချယ် လိုက်ကြပါတယ်။ ဒေါက်တာကမ် ဟာ သမားတော်တဦး၊ မနုဿဗေဒ ပညာရှင်တဦးနဲ့ Dartmouth ကောလိပ် ကျောင်းအုပ်ကြီးလည်း ဖြစ်ပါတယ်။

သူဟာဆိုရင် ကုလသမဂ္ဂရဲ့ AIDS တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ဖူးသူ တဦးအဖြစ် ဆင်းရဲတဲ့ တိုင်းပြည်တွေက ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စတွေ တိုးတက်ရေးအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တခုကို ထူထောင်ခဲ့သူတဦး၊ နာမည်ကျော် ဟားဗတ်တက္ကသိုလ်မှာ စာသင်ကြားပို့ချခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့ဘဏ် အကြီးအကဲ ရောဘတ် ဇိုးလစ် (Robert Zoellick) ရဲ့ သက်တမ်း ဇွန်လမှာ ကုန်ဆုံးပြီးတဲ့နောက် ဥက္ကဋ္ဌသစ် အဖြစ် ဒေါက်တာကမ် ဟာ ဇူလိုင်လ ၁ ရက်နေ့ကစလို့ ၅ နှစ် သက်တမ်းကို စတင် တာဝန်ယူသွားရမှာပါ။ ဒေါက်တာကမ် ကတော့ မြန်မြန်ဆန်ဆန် ပြောင်းလဲလာနေတဲ့ ကမ္ဘာကြီးရဲ့ လိုအပ်ချက်တွေကို ရောင်ပြန်ဟပ်တဲ့ အစီအစဉ်သစ်တွေ ချမှတ်ဖို့နဲ့ အားလုံးပါဝင်နိုင်မယ့် ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိစေရေး ဆောင်ရွက်သွားမယ်လို့ တနင်္လာနေ့က သတင်းထောက်တွေကို မှတ်ချက်ပေး ပြောဆိုလိုက်ပါတယ်။

သူ့ကိုတော့ အမေရိကန် သမ္မတ ဘာရက် အိုဘားမား က အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပြီး တာဝန်ယူဖို့ လက်ခံခဲ့တဲ့အတွက်လည်း ချီးကျူးစကား ပြောဆိုထားတာပါ။ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ နေရာအတွက် နိုင်ဂျီးရီးယား နဲ့ ကိုလံဘီယာနိုင်ငံတွေက အမည်စာရင်း တင်သွင်းခံရသူတွေဟာလည်း အရည်အချင်း ပြည့်ဝသူတွေ၊ သန္နိဓာန် ခိုင်မာကျသူတွေ ဖြစ်တယ်လို့ သမ္မတ အိုဘားမား ကမှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ တရားဝင်မဟုတ်ပေမဲ့လည်း အစဉ်အလာ အားဖြင့် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ တာဝန်ကို အမေရိကန် နိုင်ငံသားတွေကသာ ရယူလေ့ ရှိကြသလို၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ အဖြစ်နဲ့ ဥရောပက ဆောင်ရွက်လေ့ ရှိပေမဲ့ ဒီအလေ့အထဟာ ခေတ်မမှီဘူးလို့ ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG