သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီမိုကေရစီလႈပ္ရွားသူ ၄ ဦး ေသဒဏ္စီရင္မႈ အဆိုးဝါးဆုံးအနိဌာ႐ုံအျဖစ္ PPST မွတ္ခ်က္ခ်


ေသဒဏ္စီရင္ၿပီးစီးေၾကာင္း ဇူလိုင္လ ၂၅ရက္ေန႔ သတင္းထုတ္ျပန္ခဲ့သူ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုဂ်င္မီ၊ ကိုလွမ်ိဳးေအာင္၊ ကိုေအာင္သူရေဇာ္ (ထက္မွေအာက္၊ ဝဲမွယာ)


[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံမွာ ေသဒဏ္စီရင္တာကို အႏွစ္ ၃၀ ေက်ာ္ၾကာ မက်င့္သုံးခဲ့ဘဲ အခု ဒီမိုကေရစီေရးလႈပ္ရွာသူ ၄ ဦးကို ကြပ္မ်က္လိုက္တာဟာ အဆိုးဝါးဆုံး အနိဌာ႐ုံကို ဦးတည္ေနတာျဖစ္တယ္လို႔ PPST ေခၚ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္ေကာ္မတီက မွတ္ခ်က္ခ်လိုက္ပါတယ္။ တပ္မေတာ္အပါအဝင္ လက္မွတ္ေရးထိုးထားတဲ့ NCA ေခၚ ႏိုင္ငံလုံးဆိုင္ရာအပစ္ရပ္သေဘာတူညီခ်က္မွာပါဝင္တဲ့ အသက္ရွင္သန္ခြင့္ အခြင့္အေရးကို မ်က္ကြယ္ျပဳရာေရာက္တယ္လို႔ PPST ဦးေဆာင္အဖြဲ႔ဝင္ ဗိုလ္မႉးႀကီးခြန္ဥကၠာကေဝဖန္လိုက္ပါတယ္။ ေဒၚခင္စိုးဝင္းက ဗိုလ္မႉးႀကီးခြန္ဥကၠာကို ေတြ႕ဆုံေမးျမန္းထားပါတယ္။

ေဒၚခင္စိုးဝင္း။ ။ အခု အရင္ဦးဆံုး စိတ္မေကာင္းစရာ သတင္းေလးတခုနဲ႔ပဲ
ဦးေဆာင္ေကာ္မတီအဖြဲ႔ဝင္တေယာက္အေနနဲ႔ ဘယ္လို ဘယ္လိုမွတ္ခ်က္ေပးခ်င္သလဲဆိုတာကို ေမးပါရေစရွင့္။ ဒီလိုပါ။ NLD အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္တဦးျဖစ္တဲ့ ဦးၿဖိဳးေဇယ်ာေသာ္နဲ႔ ၈၈ မ်ဳိးဆက္ေခါင္းေဆာင္ထဲကတေယာက္ျဖစ္တဲ့ ဦးဂ်င္မီတို႔ကိုေပါ့ေနာ္၊ ႀကိဳးေပး ကြပ္မ်က္လိုက္တယ္ဆိုတဲ့သတင္းေတြ ထြက္လာပါတယ္။ သူတို႔ဘက္ကလည္း အတည္ျပဳထားပါတယ္။ ဒီလိုမ်ဳိး ကြပ္မ်က္လုိက္တဲ့အေပၚမွာ PPST အေနနဲ႔ ဘယ္လိုမ်ား မွတ္ခ်က္ေပးလိုပါသလဲရွင့္။

ဗိုလ္မႉးႀကီးခြန္ဥကၠာ။ ။ ရွင္းရွင္းေျပာရရင္ေတာ့ ဒီပုဂၢိဳလ္ႏွစ္ဦးစလံုးက က်ေနာ္တို႔ လူပုဂၢိဳလ္အေနနဲ႔လည္း ရင္းႏွီးပါတယ္။ ေနာက္ၿပီးေတာ့ သူတို႔ရဲ႕႐ုန္းကန္လႈပ္ရွားတဲ့ဟာေတြလည္း အခု လက္ရွိ PPST တစံုလံုးအေနနဲ႔ ေျပာမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ NCA စာခ်ဳပ္မွာလည္း ပါပါတယ္။ က်ေနာ္တို႔လက္မွတ္ထုိးထားတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာလည္း ပါပါတယ္။ က်ေနာ္တို႔....right to life ေပါ့၊ အသက္ရွင္ပိုင္ခြင့္ဆိုတဲ့ အေျခခံအခြင့္အေရးကို မေဖာက္ဖ်က္သင့္ဘူး။ ဘယ္လိုအေျခအေနမ်ဳိးမွာေရာက္ေရာက္ က်ေနာ္တို႔က ဒီ ႏွစ္ ၃၀ ေက်ာ္အၾကာေပါ့-ေသဒဏ္ျပစ္မႈကို ဗမာျပည္မွာ လက္ေတြ႔ မက်င့္သံုးဘဲ ထားတာ ၾကာပါၿပီ။ သို႔ေသာ္ အခု လက္ေတြ႔က်င့္သံုးမယ္ဆိုတဲ့ဟာ တကယ္ျဖစ္ခဲ့ရင္ေတာ့ ဒါကေတာ့ သမုိင္းတေကြ႔၊ နည္းနည္း ျပန္လည္တဲ့သေဘာမ်ဳိးေပါ့။ က်ေနာ္တုိ႔တုိင္းျပည္ရဲ႕ အနိဌာ႐ံုေတြဟာ အဆုိးဝါးဆံုးအေျခအေနကို ျပန္ဦးတည္တဲ့သေဘာမ်ဳိးျဖစ္သြားႏုိင္ပါတယ္။ လက္ေတြ႔ျဖစ္လာရင္ေပါ့။ သို႔ေသာ္ လက္ေတြ႔မျဖစ္လာဘဲနဲ႔ သတင္းနဲ႔အေျခအေနအရပ္ရပ္ကို တီးေခါက္တဲ့အေနနဲ႔ ၿခိမ္းေျခာက္မႈပဲဆိုရင္ေတာ့ က်ေနာ္တို႔က ပံုစံတမ်ဳိးနဲ႔ ေခါင္းေဆာင္အႀကီးအကဲေတြက စဥ္းစားသင့္တယ္လို႔ ယူဆပါတယ္။

ေဒၚခင္စိုးဝင္း။ ။ ဟုတ္ကဲ့ပါ။ အခုဟာက က်မတို႔ press team ေပါ့ေနာ္။ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ကလည္း အတည္ျပဳထားပါတယ္။ သူတို႔ကို ေမးတဲ့အခါမွာ သတင္းစာထဲမွာပါတဲ့အတုိင္း အတည္ျဖစ္ပါတယ္လို႔ ေျပာပါတယ္။ အဲဒီေတာ့ သတင္းစာထဲမွာပါတဲ့အတုိင္း အတည္ျဖစ္တယ္ဆိုရင္ေတာ့ သူတို႔ ကြပ္မ်က္လိုက္တာကေတာ့ အမွန္သတင္းပဲေပါ့ေနာ္။ ဒီလိုမ်ဳိး ကြပ္မ်က္လိုက္တာက ဥပေဒအရ ေျပာမယ္ဆိုလို႔ရွိရင္ တရားဥပေဒက သတ္မွတ္ထားတဲ့စံႏႈန္းေတြ၊ စံခ်ိန္ စံညႊန္းေတြကို ေဖာက္ဖ်က္ၿပီးေတာ့ လုပ္တယ္လို႔ေကာ ဘယ္လို သံုးသပ္လို႔ရပါလဲရွင့္။

ဗိုလ္မႉးႀကီးခြန္ဥကၠာ။ ။ အထူးသျဖင့္ penal code ေပါ့၊ ရာဇသတ္ႀကီးဥပေဒမွာေတာ့ ႏုိင္ငံေတာ္ပုန္ကန္မႈ၊ ႏုိင္ငံေတာ္သစၥာေဖာက္မႈႀကီးမွာဆိုရင္ေတာ့ “မေသမခ်င္း ႀကိဳးကြင္း(စြပ္၍)သတ္ေစ” ဆိုတဲ့အမိန္႔ ပါပါတယ္။ ေနာက္ လူသတ္မႈ ေတြမွာ။ သို႔ေသာ္ လက္ေတြ႔ က်င့္သံုးျခင္း၊ မသံုးျခင္းဆိုတာက လက္ရွိအုပ္ခ်ဳပ္ေနတဲ့အစိုးရေပၚမွာ မူတည္ပါတယ္။ penal code မွာေတာ့ ရာဇသတ္ႀကီးမွာေတာ့ ေသဒဏ္စီရင္ခ်က္ခ်လို႔ရတဲ့ ျပစ္မႈေတြ ပါပါတယ္။ ေတာ္ေတာ္မ်ားမ်ား ရွိပါတယ္။ သို႔ေသာ္လည္းပဲ လက္ေတြ႔ မက်င့္သံုးေတာ့ဘူး ဆိုၿပီးေတာ့ က်ေနာ္တို႔တုိင္းျပည္မွာ ႏွစ္ ၃၀ နားထားတဲ့အခါက်ေတာ့ အခုျပန္က်င့္သံုးမယ္ဆိုရင္ေတာ့ ဒါကေတာ့ ရာဇသတ္ႀကီးဥပေဒနဲ႔ၾကည့္ရင္ေတာ့ ဥပေဒထဲမွာ ရွိခဲ့တယ္ဆိုတာေတာ့ မွန္ပါတယ္။ လက္ေတြ႔ က်င့္သံုးျခင္း၊ မက်င့္သံုးျခင္းဆိုတာကေတာ့ လက္ရွိ အုပ္ခ်ဳပ္ေနတဲ့ အစိုးရနဲ႔ပဲသက္ဆုိင္ပါတယ္။

ေဒၚခင္စိုးဝင္း။ ။ ဟုတ္ကဲ့ပါ။ မိသားစုေတြကို အေၾကာင္းၾကားတာေတြ၊ ဘာေတြ မရွိဘဲနဲ႔ ဒီလိုမ်ဳိး ဥပေဒေဘာင္ကို ေက်ာ္လြန္ၿပီးေတာ့ လုပ္တာနဲ႔ပတ္သက္ၿပီးေတာ့ေကာ ...။

ဗိုလ္မႉးႀကီးခြန္ဥကၠာ။ ။ ပံုမွန္ ရာဇသတ္ႀကီးအရဆိုရင္ေတာ့ က်ေနာ္တို႔သိသေလာက္ သရဏဂံုတင္ရတယ္။ ဘုန္းႀကီးပင့္ရတယ္။ သရဏဂံုတင္တယ္၊ ေနာက္ၿပီးေတာ့ ဆရာဝန္ေတြက ေစာင့္ေနရတယ္။ ေသဒဏ္ေပးၿပီးၿပီဆိုရင္ တကယ္ပဲ ကြယ္လြန္ၿပီဆိုတာ ေဆးစာလုပ္ရတယ္။ ေတာ္ေတာ္ ခမ္းခမ္းနားနား လုပ္ရတယ္။ တခု တခုေပါ့- တေယာက္ခ်င္းတေယာက္ခ်င္းကို လုပ္ရတယ္။ အဲဒါေတြၿပီးေတာ့မွ သူ႔ကို သက္ဆုိင္ရာ မိသားစုကို ေပးတာလည္းရွိတယ္။ တခ်ဳိ႕ မိသားစု လာေရာက္ လက္ခံျခင္းမရွိဘူးဆိုလည္း ေထာင္တြင္းမွာပဲ သၿဂိဳဟ္ရတာေပါ့။ အဲဒီလိုေတာ့ လုပ္နည္းလုပ္ထံုး ရွိပါတယ္။ သက္ဆုိင္ရာဘာသာအလုိက္ လုပ္ရတာရွိပါတယ္။ ဒါေၾကာင့္ အဲဒါေတြ လုပ္လား မလုပ္လားေတာ့ က်ေနာ္တို႔ေတာ့ မသိဘူးေပါ့ေလ။ ဥပေဒနဲ႔အညီလို႔ပဲ ေျပာေတာ့ ဒါေၾကာင့္ လက္ေတြ႔ေျမျပင္မွာ လုပ္ခဲ့သလား...မလုပ္ဘူးလားဆိုတာေတာ့ က်ေနာ္တို႔ အခုအခ်ိန္အထိေပါ့ေလ သတင္းေတြပဲျဖစ္ေနေတာ့ ေျပာလို႔ေတာ့ မရေသးဘူး။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ဒီမိုကရေစီလှုပ်ရှားသူ ၄ ဦး သေဒဏ်စီရင်မှု အဆိုးဝါးဆုံးအနိဌာရုံအဖြစ် PPST မှတ်ချက်ချ

မြန်မာနိုင်ငံမှာ သေဒဏ်စီရင်တာကို အနှစ် ၃၀ ကျော်ကြာ မကျင့်သုံးခဲ့ဘဲ အခု ဒီမိုကရေစီရေးလှုပ်ရှာသူ ၄ ဦးကို ကွပ်မျက်လိုက်တာဟာ အဆိုးဝါးဆုံး အနိဌာရုံကို ဦးတည်နေတာဖြစ်တယ်လို့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မတီက မှတ်ချက်ချလိုက်ပါတယ်။ တပ်မတော်အပါအဝင် လက်မှတ်ရေးထိုးထားတဲ့ NCA ခေါ် နိုင်ငံလုံးဆိုင်ရာအပစ်ရပ်သဘောတူညီချက်မှာပါဝင်တဲ့ အသက်ရှင်သန်ခွင့် အခွင့်အရေးကို မျက်ကွယ်ပြုရာရောက်တယ်လို့ PPST ဦးဆောင်အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာကဝေဖန်လိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက ဗိုလ်မှူးကြီးခွန်ဥက္ကာကို တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ အခု အရင်ဦးဆုံး စိတ်မကောင်းစရာ သတင်းလေးတခုနဲ့ပဲ
ဦးဆောင်ကော်မတီအဖွဲ့ဝင်တယောက်အနေနဲ့ ဘယ်လို ဘယ်လိုမှတ်ချက်ပေးချင်သလဲဆိုတာကို မေးပါရစေရှင့်။ ဒီလိုပါ။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဖြိုးဇေယျာသော်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်ထဲကတယောက်ဖြစ်တဲ့ ဦးဂျင်မီတို့ကိုပေါ့နော်၊ ကြိုးပေး ကွပ်မျက်လိုက်တယ်ဆိုတဲ့သတင်းတွေ ထွက်လာပါတယ်။ သူတို့ဘက်ကလည်း အတည်ပြုထားပါတယ်။ ဒီလိုမျိုး ကွပ်မျက်လိုက်တဲ့အပေါ်မှာ PPST အနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးလိုပါသလဲရှင့်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ။ ။ ရှင်းရှင်းပြောရရင်တော့ ဒီပုဂ္ဂိုလ်နှစ်ဦးစလုံးက ကျနော်တို့ လူပုဂ္ဂိုလ်အနေနဲ့လည်း ရင်းနှီးပါတယ်။ နောက်ပြီးတော့ သူတို့ရဲ့ရုန်းကန်လှုပ်ရှားတဲ့ဟာတွေလည်း အခု လက်ရှိ PPST တစုံလုံးအနေနဲ့ ပြောမယ်ဆိုရင်တော့ ကျနော်တို့ NCA စာချုပ်မှာလည်း ပါပါတယ်။ ကျနော်တို့လက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း ပါပါတယ်။ ကျနော်တို့....right to life ပေါ့၊ အသက်ရှင်ပိုင်ခွင့်ဆိုတဲ့ အခြေခံအခွင့်အရေးကို မဖောက်ဖျက်သင့်ဘူး။ ဘယ်လိုအခြေအနေမျိုးမှာရောက်ရောက် ကျနော်တို့က ဒီ နှစ် ၃၀ ကျော်အကြာပေါ့-သေဒဏ်ပြစ်မှုကို ဗမာပြည်မှာ လက်တွေ့ မကျင့်သုံးဘဲ ထားတာ ကြာပါပြီ။ သို့သော် အခု လက်တွေ့ကျင့်သုံးမယ်ဆိုတဲ့ဟာ တကယ်ဖြစ်ခဲ့ရင်တော့ ဒါကတော့ သမိုင်းတကွေ့၊ နည်းနည်း ပြန်လည်တဲ့သဘောမျိုးပေါ့။ ကျနော်တို့တိုင်းပြည်ရဲ့ အနိဌာရုံတွေဟာ အဆိုးဝါးဆုံးအခြေအနေကို ပြန်ဦးတည်တဲ့သဘောမျိုးဖြစ်သွားနိုင်ပါတယ်။ လက်တွေ့ဖြစ်လာရင်ပေါ့။ သို့သော် လက်တွေ့မဖြစ်လာဘဲနဲ့ သတင်းနဲ့အခြေအနေအရပ်ရပ်ကို တီးခေါက်တဲ့အနေနဲ့ ခြိမ်းခြောက်မှုပဲဆိုရင်တော့ ကျနော်တို့က ပုံစံတမျိုးနဲ့ ခေါင်းဆောင်အကြီးအကဲတွေက စဉ်းစားသင့်တယ်လို့ ယူဆပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ အခုဟာက ကျမတို့ press team ပေါ့နော်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း အတည်ပြုထားပါတယ်။ သူတို့ကို မေးတဲ့အခါမှာ သတင်းစာထဲမှာပါတဲ့အတိုင်း အတည်ဖြစ်ပါတယ်လို့ ပြောပါတယ်။ အဲဒီတော့ သတင်းစာထဲမှာပါတဲ့အတိုင်း အတည်ဖြစ်တယ်ဆိုရင်တော့ သူတို့ ကွပ်မျက်လိုက်တာကတော့ အမှန်သတင်းပဲပေါ့နော်။ ဒီလိုမျိုး ကွပ်မျက်လိုက်တာက ဥပဒေအရ ပြောမယ်ဆိုလို့ရှိရင် တရားဥပဒေက သတ်မှတ်ထားတဲ့စံနှုန်းတွေ၊ စံချိန် စံညွှန်းတွေကို ဖောက်ဖျက်ပြီးတော့ လုပ်တယ်လို့ကော ဘယ်လို သုံးသပ်လို့ရပါလဲရှင့်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ။ ။ အထူးသဖြင့် penal code ပေါ့၊ ရာဇသတ်ကြီးဥပဒေမှာတော့ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်သစ္စာဖောက်မှုကြီးမှာဆိုရင်တော့ “မသေမချင်း ကြိုးကွင်း(စွပ်၍)သတ်စေ” ဆိုတဲ့အမိန့် ပါပါတယ်။ နောက် လူသတ်မှု တွေမှာ။ သို့သော် လက်တွေ့ ကျင့်သုံးခြင်း၊ မသုံးခြင်းဆိုတာက လက်ရှိအုပ်ချုပ်နေတဲ့အစိုးရပေါ်မှာ မူတည်ပါတယ်။ penal code မှာတော့ ရာဇသတ်ကြီးမှာတော့ သေဒဏ်စီရင်ချက်ချလို့ရတဲ့ ပြစ်မှုတွေ ပါပါတယ်။ တော်တော်များများ ရှိပါတယ်။ သို့သော်လည်းပဲ လက်တွေ့ မကျင့်သုံးတော့ဘူး ဆိုပြီးတော့ ကျနော်တို့တိုင်းပြည်မှာ နှစ် ၃၀ နားထားတဲ့အခါကျတော့ အခုပြန်ကျင့်သုံးမယ်ဆိုရင်တော့ ဒါကတော့ ရာဇသတ်ကြီးဥပဒေနဲ့ကြည့်ရင်တော့ ဥပဒေထဲမှာ ရှိခဲ့တယ်ဆိုတာတော့ မှန်ပါတယ်။ လက်တွေ့ ကျင့်သုံးခြင်း၊ မကျင့်သုံးခြင်းဆိုတာကတော့ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရနဲ့ပဲသက်ဆိုင်ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ မိသားစုတွေကို အကြောင်းကြားတာတွေ၊ ဘာတွေ မရှိဘဲနဲ့ ဒီလိုမျိုး ဥပဒေဘောင်ကို ကျော်လွန်ပြီးတော့ လုပ်တာနဲ့ပတ်သက်ပြီးတော့ကော ...။

ဗိုလ်မှူးကြီးခွန်ဥက္ကာ။ ။ ပုံမှန် ရာဇသတ်ကြီးအရဆိုရင်တော့ ကျနော်တို့သိသလောက် သရဏဂုံတင်ရတယ်။ ဘုန်းကြီးပင့်ရတယ်။ သရဏဂုံတင်တယ်၊ နောက်ပြီးတော့ ဆရာဝန်တွေက စောင့်နေရတယ်။ သေဒဏ်ပေးပြီးပြီဆိုရင် တကယ်ပဲ ကွယ်လွန်ပြီဆိုတာ ဆေးစာလုပ်ရတယ်။ တော်တော် ခမ်းခမ်းနားနား လုပ်ရတယ်။ တခု တခုပေါ့- တယောက်ချင်းတယောက်ချင်းကို လုပ်ရတယ်။ အဲဒါတွေပြီးတော့မှ သူ့ကို သက်ဆိုင်ရာ မိသားစုကို ပေးတာလည်းရှိတယ်။ တချို့ မိသားစု လာရောက် လက်ခံခြင်းမရှိဘူးဆိုလည်း ထောင်တွင်းမှာပဲ သဂြိုဟ်ရတာပေါ့။ အဲဒီလိုတော့ လုပ်နည်းလုပ်ထုံး ရှိပါတယ်။ သက်ဆိုင်ရာဘာသာအလိုက် လုပ်ရတာရှိပါတယ်။ ဒါကြောင့် အဲဒါတွေ လုပ်လား မလုပ်လားတော့ ကျနော်တို့တော့ မသိဘူးပေါ့လေ။ ဥပဒေနဲ့အညီလို့ပဲ ပြောတော့ ဒါကြောင့် လက်တွေ့မြေပြင်မှာ လုပ်ခဲ့သလား...မလုပ်ဘူးလားဆိုတာတော့ ကျနော်တို့ အခုအချိန်အထိပေါ့လေ သတင်းတွေပဲဖြစ်နေတော့ ပြောလို့တော့ မရသေးဘူး။

XS
SM
MD
LG