သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ဂျင်မီ ကာတာ ကင်မ်ဂျုံအီးလ်နဲ့တွေ့ဖို့ ခရီးစဉ် ရက်တိုး


မြောက်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter) ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ် (Kim Jong Il) နဲ့ တွေ့ကောင်း တွေ့ရနိုင်ဖွယ် ရှိတာကြောင့် ပြုံယမ်းမြို့ကနေ မထွက်ခွာသေးဘဲ စောင့်ဆိုင်းနေပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ဇန်န၀ါရီလ ကတည်းက အဖမ်းခံနေရတဲ့ အမေရိကန်နိုင်ငံသား အိုင်ဂျလွန် မာလီ ဂိုမေးစ် (Aijalon Mahli Gomes) လွတ်မြောက်ရေး ကြိုးပမ်းတဲ့ အနေနဲ့ မစ္စတာ ကာတာဟာ မနေ့ ဗုဒ္ဓဟူးနေ့က ပြုံယမ်းမြို့ကို ရောက်ရှိခဲ့ပါတယ်။

မစ္စတာ ကာတာ ပြုံယမ်းမြို့ကို ဆိုက်ရောက်လာတဲ့ အချိန်မှာပဲ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ်ဟာ တရုတ်နိုင်ငံကို ရုတ်တရက် ခရီးထွက်သွားတာကြောင့် တခြား မြောက်ကိုရီးယား အကြီးတန်း တာဝန်ရှိသူတွေနဲ့သာ မစ္စတာ ကာတာ တွေ့ရမယ့်ကိန်း ဆိုက်နေပါတယ်။

ကင်မ်ဂျုံအီးလ် ဘယ်တော့ပြန်လာမှာလဲ ဆိုတာနဲ့ မစ္စတာကာတာနဲ့ ဘာတွေဆွေးနွေး ပြောဆိုမှာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ဇန်န၀ါရီလတုန်းက အမေရိကန်နိုင်ငံသား မစ္စတာ ဂိုမေးစ်ဟာ တရုတ်နိုင်ငံထဲက မြောက်ကိုရီးယားနိုင်ငံကို တရားမ၀င် ၀င်ရောက်မှုနဲ့ ထောင်ဒဏ် ၈ နှစ် အပြစ်ပေးခံနေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG