သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ဂျင်မီ ကာတာ ဆေးရုံတက်

အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာ။ စက်တင်ဘာ ၂၈၊ ၂၀၁၀။
အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာ။ စက်တင်ဘာ ၂၈၊ ၂၀၁၀။

အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter) ဟာ အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်၊ ကလိဗ်လန်းမြို့မှာ ဆေးရုံတက်ပြီး အနားယူနေရပါတယ်။

ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့မှာရှိတဲ့ ကာတာစင်တာကနေ ကြေညာချက်တစောင် မနေ့က ထုတ်ပြန်ခဲ့ရာမှာ မစ္စတာ ကာတာဟာ ကလိဗ်လန်းမြို့ကို လေယာဉ်ပျံနဲ့ ပျံသန်းနေစဉ်မှာ ဝမ်းဗိုက်ဝေဒနာ ခံစားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မနေ့က ကလိဗ်လန်း ဟော့ပ်ကင်းစ် (Cleveland Hopkins) နိုင်ငံတကာလေဆိပ်ကို မစ္စတာ ကာတာရဲ့ လေယာဉ် ဆိုက်ရောက်လာတာနဲ့ ချက်ချင်းပဲ သူ့ကို ဆေးရုံ ပို့ဆောင်ပေးခဲ့ရတယ်လို့ လေဆိပ်အရာရှိ အမျိုးသမီးက ပြောဆိုခဲ့ပါတယ်။

သမ္မတ အိမ်ဖြူတော် နေ့စဉ်မှတ်တမ်းဆိုတဲ့ သူရေးသားတဲ့ စာအုပ်ကို စတင် ရောင်းချရာမှာ လက်မှတ်ရေးထိုးပေးဖို့ အစီအစဉ်နဲ့ ကလိဗ်လန်းမြို့ကို မစ္စတာ ကာတာ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီသီတင်းပတ် နှောင်းပိုင်းမှာ စာအုပ် လက်မှတ်ရေးထိုးတဲ့ အစီအစဉ် ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ အတ္တလန္တာက ကာတာစင်တာက ဆိုပါတယ်။

အသက် ၈၅ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း ဂျင်မီ ကာတာဟာ ၁၉၇၇ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီး ဖြစ်ခဲ့ပါတယ်။

လက်ရှိသမ္မတ အိုဘားမား (Obama) က သမ္မတဟောင်း ဂျင်မီ ကာတာကို ဖုန်းဆက်ပြီး သတင်းမေးဖို့ သူ စီစဉ်နေတယ်လို့ ဆိုပါတယ်။

This item is part of
XS
SM
MD
LG