သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ သမ္မတကာတာ အတွက် နိုင်ငံတော်ဈာပနကျင်းပ

သမ္မတ Jimmy Carter ရဲ့ စျာပနအခမ်းအနား၊ ဇန် ၉၊ ၂၀၂၅
သမ္မတ Jimmy Carter ရဲ့ စျာပနအခမ်းအနား၊ ဇန် ၉၊ ၂၀၂၅

အမေရိကန်နိုင်ငံမှာ ကွယ်လွန်သူ သမ္မတဂျင်မီကာတာအတွက် ဇန်နဝါရီလ ၉ ရက်၊ ကြာသပတေးနေ့မှာ တနိုင်ငံလုံးဝမ်းနည်းပူဆွေးရတဲ့နေ့အဖြစ်သတ်မှတ်ပြီး နိုင်ငံတော် ဈာပနကျင်းပခဲ့ပါတယ်။ အစိုးရရုံး အများအပြားပိတ်ထားသလို ၃၉ ဆက်မြောက် အမေရိကန်သမ္မတရဲ့ နိုင်ငံတော် ဈာပနကျင်းပရာ ဝါရှင်တန် ဘုရားကျောင်းမှာ အမေရိကန်ထိပ်တန်း ပုဂ္ဂိုလ်တွေ လာရောက် စုဝေးဂုဏ်ပြုကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကွယ်လွန်သွားတဲ့ သမ္မတဟောင်း ကာတာဟာ အသက် ၁၀၀ ရှိပြီဖြစ်ပါတယ်။ သက်ရှိထင်ရှားရှိနေဆဲ သမ္မတဟောင်းတွေ ဖြစ်တဲ့ Bill Clinton, George W. Bush, Barack Obama၊ ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒန်တို့ ၅ ဦး တက်ရောက်ခဲ့ကြတာ ဖြစ်ပြီး သမ္မတဘိုင်ဒန်က ကွယ်လွန်သူအတွက် အမှတ်တရ ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

"ဂျင်မီကာတာနဲ့ မိတ်ဆွေဖြစ်ရတာအပြင် သူ့ဘဝလှုပ်ရှားမှုတွေကနေ ကျနော့်ကို သင်ကြားပေးတာက - ဂုဏ်သိက္ခာဟာ ကျနော်တို့မှာ ရှိတဲ့ရာထူးဂုဏ်ပုဒ်တွေ ရထားတဲ့အာဏာတွေထက် ပိုပြီးအင်အားခိုင်မာတယ် ဆိုတာပါပဲ" လို့ သမ္မတဘိုင်ဒန်က ပြောသွားပါတယ်။

သမ္မတကာတာဟာ သူ့ဘဝကို အဓိပ္ပါယ်ရှိရှိ နေထိုင်သွားတဲ့ သိက္ခာရှိတဲ့ သူတယောက်ဖြစ်ကြောင်း သူအသက်ရှင်နေတဲ့ မိနစ်တိုင်းမှာ အခုလို နေထိုင်သွားတာဖြစ်ပြီး ဒါဟာ ကောင်းမွန်တဲ့ဘဝ နေထိုင်နည်းဆိုတာ ဘာလဲဆိုတာကို ပြသွားတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီဇင်ဘာ လကုန်ပိုင်းမှာ သမ္မတကာတာ ဆုံးပါးသွားတာကြောင့် သူ့ကိုဘယ်တော့မှ ပြန်တွေရတော့မှာ မဟုတ်ပေမယ့် သူ့လိုဖြစ်အောင် အားလုံးကြိုးစားနိုင်တယ်လို့လည်းပြောပါတယ်။ သမ္မတဘိုင်ဒန် အပြင် သမ္မတကာတာရဲ့ မြေး Jason Carter ကလည်း ဝမ်းနည်းဂုဏ်ပြုစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကွယ်လွန်သူ သမ္မတကာတာ အတွက် နိုင်ငံတော်ဈာပနကျင်းပ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG